Skip to main content


[zawgyi and unicode]



##

ဒေါက်တာလွင်လွင်ဝေနှင့် ငြိမ်းချမ်းရေးစကားဝိုင်း - မေ ၁၁

မေ ၁၁ ရက်နေ့က ငြိမ်းချမ်းရေးဆွေးနွေးပွဲများဖြစ်စဉ်ကို ရှင်းပြနေသော ဒေါက်တာလွင်လွင်ဝေ။
"နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင် နှင့် နိုင်ငံရေးဆွေးနွေးပွဲများကို စီမံခန့်ခွဲခြင်း" ခေါင်းစဉ်ဖြင့် ဦးဆောင် ဆွေးနွေး တင်ဆက်ခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်၊ ဗိုလ်တထောင်မြို့နယ်၊ ဗိုလ်အောင်ကျော်လမ်း City ဟိုတယ်တွင် ပြုလုပ်ခဲ့သော ဤအစီအစဉ်သည် မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်ကို သတင်းသမားများ ပိုမိုသိရှိနားလည်ပြီး ငြိမ်းချမ်းရေးဆိုင်ရာ သတင်းများ တင်ဆက်ရာတွင် ထိရောက်မှုရှိစေရန်အတွက် ရည်ရွယ်သည်။



Comments

Popular posts from this blog

တည်းဖြတ်ခြင်း သင်တန်း

[Zawgyi-One below]


သတင်း၊ ဆောင်းပါး တည်းဖြတ်ခြင်း အခြေခံအဆင့် သင်တန်းကို ဇွန် ၁၅ ရက်နေ့က MJN ရုံးမှာ နှစ်ရက်ကြာ ပြုလုပ်ခဲ့ပါတယ်။

သင်တန်းတက်ရောက်သူတွေက သင်တန်းကာလ နောက်ပိုင်းမှာလည်း တည်းဖြတ်ခြင်းနဲ့ ပတ်သက်ပြီး  အွန်လိုင်းမှာ ဆက်လက် တွေ့ဆုံ လေ့လာနိုင်ကြမှာ ဖြစ်ပါတယ်။

သင်တန်းမှာပါဝင်သူတွေက လုပ်ငန်းခွင် ဝင်ရောက်နေကြပါပြီ။ သင်တန်းမှာ Facebook သုံးဖို့ ခေတ္တ အနားပေးချိန်တွေ ရှိတာကို သူတို့ ပြန်သတိရကောင်း ရနေပါလိမ့်မယ်။
ကော်ဖီမစ်နဲ့ ဧည့်ခံခြင်းမရှိတာကိုလည်း အမှတ်ရနေဖွယ် ရှိပါတယ်။
ကော်ဖီမစ်ဟာ အသောက်များရင် ဆေးရုံရောက်နိုင်တယ်လို့ သင်တန်းနည်းပြက ခြိမ်းခြောက်တာကိုတော့ သူတို့ ကြောက်ဟန် မရှိပါ။
သံပုရာရည် ကိုယ်တိုင်ဖျော်သောက်ကြဖို့ တိုက်တွန်းတာကို သင်တန်းတက်သူ အများအပြား လိုက်နာကြပါတယ်။
ကျန်းမာရေးလိုက်စားချင်တာကြောင့် မဟုတ်ဘဲ အိပ်ချင်ပြေဖို့ ဖျော်သောက်ကြပုံ ရပါတယ်။

သင်တန်းနည်းပြဖြစ်သူကတော့ သတင်းပဲဖြစ်ဖြစ် ဘယ်လုပ်ငန်းပဲဖြစ်ဖြစ် ကျန်းမာရေးကောင်းမှ ဆက်လုပ်နိုင်မယ်လို့ ယူဆနေပါတယ်။

##



==============


မြန်မာဂျာနယ်လစ်ကွန်ရက် သမိုင်းအကျဉ်း

မြန်မာဂျာနယ်လစ်ကွန်ရက် Myanmar Journalist Network(MJN)အဖွဲ့အစည်းကို ၂၀၁၁ ခုနှစ် စက်တင်ဘာ လ ၂ ရက်တွင် ရန်ကုန်မြို့၌ သတင်းထောက် ၃၅ ဦးဖြင့် စတင်ဖွဲ့စည်းခဲ့သည်။ ၁၉၈၈ခုနှစ်နောက်ပိုင်း ကာလတွင် ပထမဆုံး ပေါပေါက်ခဲ့သော သတင်းထောက် အဖွဲ့အစည်း တစ်ခုဖြစ်သည်။ အဖွဲ့အစည်း ဖွဲ့စည်းရာတွင် လိုအပ်သော သင်းဖွဲ့စည်းမျဉ်းကို အဖွဲ့စတင်တည်ထောင်သူများက စုပေါင်းရေး ဆွဲပြီး အစည်းအဝေးခေါ်ကာ အတည်ပြုခဲ့သည်။ ထို့နောက် အဖွဲ့အစည်းသို့ သတင်းထောက်များ အထူးသဖြင့် လူငယ်သတင်းထောက်များ အဖွဲ့ဝင်ဖြစ်ရေး အတွက် တိုင်းနှင့်ပြည်နယ်အနှံ့သို့ သွားရောက်စည်းရုံးခဲ့သည်။ ရန်ကုန်မြို့မှအပ နယ်မြို့များတွင် တည်ထောင်သော မြန်မာဂျာနယ်လစ်ကွန်ရက် အဖွဲ့ခွဲများကို ၎င်းတို့ဘာသာ ရပ်တည်ရှင်သန်နိုင်ပြီး သတင်းထောက်များအကျိုးအတွက် ဆောင်ရွက်နိုင်ရန် အားပေးထောက်ခံခဲ့သည်။ စတင်ဖွဲ့စည်းစတွင် သတင်းထောက်များ သာရေးနှင့်နာရေးကိစ္စများကို အရေးထားဆောင်ရွက်ခဲ့ပြီး ယခုအခါ သတင်းသမားများ၏ အခြေခံအခွင့်အရေးများကို ကာကွယ်ရန်၊ သတင်းသမားများ အရည်အသွေးတိုးတက်ရန် နှင့်မီဒီယာလောက ဖွံ့ဖြိုးတိုးတက်ရေးနှင့် မီဒီယာလောက ဖွံ့ဖြိုးတိုးတက်မှုမှတစ်ဆင့် လူ့အဖွဲ့အစည်းအားတစ် ဖက်တစ်လမ်းမှ အေ…

ငြိမ်းချမ်းရေးစကားဝိုင်း - မတ် ၉

မတ်လ ၈ ရက်နေ့ နံနက်ပိုင်းက NJN ရုံးတွင် သတင်းသမားတချို့နှင့် ဆွေးနွေးနေသော Myanmar Institute for Democracy (MID) ၏ အမှုဆောင်ဒါရိုက်တာ ဦးရဲထွဋ်။

ရှိစေရန်အတွက် ရည်ရွယ်သော စကားဝိုင်း ဖြစ်သည်။
ယခုနှစ်အတွင်း  ဤသို့သော စကားဝိုင်းများကို မကြာခဏ  ပြုလုပ်သွားမည် ဖြစ်သည်။