Skip to main content

Posts

Showing posts from November, 2018

မြန်မာသတင်းထောက်နှစ်ဦးဖြစ်သည့် သက်ဦးမောင်(ခ)၀လုံး နှင့် ကျော်စိုးဦး(ခ)မိုးအောင်တို့နှစ်ဦးအား နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေဖြင့် ထောင်ဒဏ် ၇ နှစ်ချမှတ်ခြင်းအပေါ် ဥပဒေရှုထောင့်နှင့် မီဒီယာရှုထောင့်များမှသုံးသပ်ချက်

ယနေ့ပြုလုပ်သော နိုင်ငံတော်သမ္မတနှင့်မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင်များတွေ့ဆုံပွဲတွင် အောက်ပါ သုံးသပ်ချက်ကို သမ္မတထံသို့ ပေးအပ်ခဲ့ပါသည်။ ============================================ မြန်မာသတင်းထောက်နှစ်ဦးဖြစ်သည့် သက်ဦးမောင်(ခ)၀လုံး နှင့် ကျော်စိုးဦး(ခ)မိုးအောင်တို့နှစ်ဦးအား နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေဖြင့် ထောင်ဒဏ် ၇ နှစ်ချမှတ်ခြင်းအပေါ် ဥပဒေရှုထောင့်နှင့် မီဒီယာရှုထောင့်များမှသုံးသပ်ချက် ရက်စွဲ ။ ။ ၂၃ နိုဝင်ဘာ ၂၀၁၈ "ဥပဒေရှုထောင့်သုံးသပ်ချက်" ၁။ မြန်မာသတင်းထောက်နှစ်ဦးဖြစ်သည့် သက်ဦးမောင်(ခ)၀လုံး နှင့် ကျော်စိုးဦး(ခ)မိုးအောင်တို့အား မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက်အက်ဥပဒေပုဒ်မ - ၃ (၁) (ဂ) ကိုဖောက်ဖျက်သည်ဟုဆိုကာ ၂၀၁၈ စက်တင်ဘာ ၃ ရက်တွင် ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံး၊ ဒုတိယခရိုင်တရားသူကြီး (၆) ဦးရဲလွင်က ထောင်ဒဏ် (၇) နှစ် စီချမှတ်ခဲ့သည်။ ၂။ အမှုတွင် အရေးကြီးသောသက်သေ ဒုရဲမှူးမိုးရန်နိုင်၏ထွက်ဆိုချက်များကို တရားရုံးတော်မှ လက်ခံသုံးသပ်ခဲ့ခြင်း မရှိပါ။ ၎င်းသက်သေထွက်ဆိုစဉ်က အမှတ် (၈) ရဲတပ်ရင်းမှအရာရှိတစ်ဦးအဖြစ် လာရောက်ထွက်ဆိုခဲ့ခြင်းဖြစ်သည်။ ထို့အတူ ရ