Skip to main content

Posts

Showing posts from October, 2018

မြန်မာဘာသာ စာပြင်သင်တန်း

သင်တန်းခန်းမ ရှိတဲ့ ၅ လွှာကို Mandalay Holidays ခရီးသွားလုပ်ငန်း ရုံးခန်းဘေး လှေကားကနေ တက်ရပါမယ် မြန်မာဂျာနယ်လစ်ကွန်ရက် (MJN) က စီစဉ်သည့် မြန်မာဘာသာ စာပြင်သင်တန်းကို နိုဝင်ဘာ ၄၊ ၁၁၊ ၁၈၊ ၂၅ တနင်္ဂနွေနေ့များ တွင် ပြုလုပ်ပါမည်။ ပို့ချဆွေးနွေးမည့်သူမှာ ဆရာ တက္ကသိုလ် တင်ဟန်ကျော် ဖြစ်ပါသည်။ မြန်မာစာ စိတ်ဝင်စားသူ မည်သူမဆို တက်ရောက်နိုင်ပါသည်။ သင်တန်းတက်လိုသူများ ရုံးဖွင့်ရက် ရုံးချိန်အတွင်း MJN ရုံးခန်းသို့ လာရောက်ပြီး စာရင်း သွင်းနိုင်ပါပြီ။ သင်တန်းအချိန် - မနက် ၉းဝဝ မှ ညနေ ၄း၃ဝ အထိ သင်တန်းနေရာ - MJN ရုံး၊ အမှတ် ၁၆၈၊ ၅ လွှာ၊ လမ်း ၅ဝ အထက်ဘလောက်၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း - ၀၉ ၉၇၅ ၃၉၆ ၁၁၅ (သင်တန်းကြေး ပေးရန် မလိုပါ။ သင်တန်းတက်ဖို့ စာရင်းသွင်းတဲ့အခါ ဒါတွေ ပေးရပါမယ် ... အမည်၊ အလုပ်အကိုင်၊ ဖုန်းနံပါတ်၊ အီးမေးလ်လိပ်စာ သို့မဟုတ် ဖေ့စ်ဘုတ် အကောင့်အမည်၊ နေရပ်လိပ်စာ)
Eleven မီဒီယာမှ သတင်းသမား ၃ ဦးကို ဖမ်းဆီးခြင်းနှင့် ပတ်သက်၍ သတင်းမီဒီယာအဖွဲ့အစည်းများမှ ကန့်ကွက်ရှုတ်ချခြင်း နေ့စွဲ ၁၁-၁၀-၁၈ ၁။ အောက်တိုဘာ ၈ ရက်နေ့ထုတ် Weekly Eleven အပတ်စဉ်ထုတ်ဂျာနယ်တွင် ဖေါ်ပြခဲ့သည့် ”အမြဲရှုံးနေတဲ့ စက်သုံးဆီဆိုင်တွေပိတ်ရေး၊ ငွေချေးသူဘယ်သူမှန်းမသိတဲ့ ကျောင်းကားနဲ့ လူနာမည်ပေါက် ပြည်သူ့ရှယ်ယာ” ဆိုသည့် သတင်းဆောင်းပါး ဖေါ်ပြမှုနှင့် ပတ်သက်၍ အယ်ဒီတာချုပ်၊ တာဝန်ခံအယ်ဒီတာနှင့် သတင်းထောက်ချုပ်တို့ကို အများပြည်သူ၏ အကျိုးကိုပျက်စီးစေသော ပုဒ်မ ၅၀၅ (ခ) ဖြင့် ဖမ်းဆီးအရေးယူခြင်းသည် သတင်းမီဒီယာ လွတ်လပ်ခွင့်ကို ကြီးမားစွာထိခိုက်စေသည် အတွက် မြန်မာနိုင်ငံသတင်းမီဒီယာအဖွဲ့အစည်းများက ကန့်ကွက်ရှုတ်ချပါသည်။ ၂။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအနေဖြင့် အဆိုပါ သတင်းဖေါ်ပြမှုနှင့် ပတ်သက်၍ နစ်နာမှု ၊ ထိခိုက်မှု တစ်စုံတစ်ရာရှိခဲ့လျင် ရှေးဦးစွာမြန်မာနိုင်ငံသတင်းမီဒီယာကောင်စီသို့ တိုင်ကြားနိုင်ပါလျက်နှင့် တိုင်ကြားခြင်းမပြုဘဲ အမှုတန်းဖွင့်သည့် လုပ်ဆောင်မှုသည် သတင်းဖေါ်ပြမှုနှင့်ပတ်သက်၍ ပြေလည်အောင် ဖြေရှင်းလိုသော ဆန္ဒမရှိသည့် သဘောဖြစ်သည်ဟု ကျွန်ုပ်တို့ သတင်းသမားအဖွဲ့အစည်းများက ယူဆပ