Skip to main content

Posts

Showing posts from September, 2018

ရွှေပြည်သာမြို့နယ်၊ Star Tex သိုးမွှေးစက်ရုံ

သတင်းစာရှင်းလင်းပွဲ ဖိတ်ကြားခြင်း ရွှေပြည်သာမြို့နယ်၊ Star Tex သိုးမွှေးစက်ရုံတွင် မိန်းကလေးတစ်ဦး၊ ကိုယ်ဝန်ဆောင်အမျိုးသမီး အလုပ်သမားတစ်ဦးကို ပါးရိုက်ခြင်း၊ ရိုက်နှက်ဆဲဆိုခြင်း၊ အလုပ်မှ ထုတ်ပစ်ခြင်းနှင့် ခွဲခြား ဆက်ဆံမှုများ ရှိနေခြင်းနှင့် ပတ်သက်ပြီး   ရှင်းလင်းလိုပါသဖြင့် အောက်ပါအစီအစဉ်အတိုင်း ကြွရောက်ပါရန် ဖိတ်ကြားပါသည်။ အချိန်   - နံနက် ၁၁းဝဝ မှ နေ့ခင်း ၁းဝဝ အထိ နေ့ရက် - စက်တင်ဘာ ၁၉ ဗုဒ္ဓဟူးနေ့ နေရာ   - မြန်မာဂျာနယ်လစ်ကွန်ရက်ရုံးခန်း၊ အမှတ် ၁၆၈၊ ၅ လွှာ၊ လမ်း ၅ဝ၊ ပုဇွန်တောင်မြို့နယ်

ရခိုင်၊ ကမန်တိုင်းရင်းသားတို့ ရှင်းလင်းပွဲ

သတင်းစာရှင်းလင်းပွဲ ဖိတ်ကြားခြင်း မြန်မာဂျာနယ်လစ်ကွန်ရက်ရုံးခန်း၌ ရမ်းဗြဲမြို့နယ်၊ကျောက်နီမော်ကျေးရွာနေ ကမန်တိုင်းရင်းသားမဟုတ်သူများအား ကမန်တိုင်းရင်းသားအဖြစ် အသိအမှတ်ပြု နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးနေခြင်းကို ဒေသခံရခိုင်နှင့်ကမန်လူမျိုးများမှကန့်ကွက်ကြောင်း ပူးတွဲသတင်းစာရှင်းလင်းပွဲပြုလုပ်မည်ဖြစ်ပါသဖြင့် မိတ်ဆွေသတင်းမီဒီယာများ တက်ရောက်ကြပါရန် လေးစားစွာဖိတ်ကြားအပ်ပါသည်။ အစီအစဉ် ******** နေ့ရက်။ ။ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၁၈)ရက်၊(အင်္ဂါနေ့)။ အချိန်။ ။ နေ့လည် (၂)နာရီ။ နေရာ။ ။ တိုက်အမှတ်(၁၆၈)၊ (၅)လွှာ၊ လမ်း(၅၀)အထက်ဘလောက်၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့။ #ဆက်သွယ်ရန်။ ။ ဖုန်း- ၀၉ ၄၄၈၀၁၅၃၃၅။
ရိုက်တာသတင်းထောက်များဖြစ်ကြသည့် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့အပေါ် နိုင်ငံတော် လျှို့ယှက်ချက်ဥပဒေဖြင့် ထောင်ဒဏ် (၇) နှစ် ချမှတ်မှုအပေါ် ကန့်ကွက်ခြင်း ထုတ်ပြန်ချက် အဆိုပါ ထုတ်ပြန်ချက်ကို MJN အပါအဝင် မိတ်ဘက်အဖွဲ့အစည်းများဖြစ်ကြသော မြေလတ်ဂျာနယ်လစ်ကွန်ရက်၊ ဧရာဝတီဂျာနယ်လစ်ကွန်ရက်၊ Myanmar Women Journalists Society၊ ချင်းမီဒီယာကွန်ရက်၊ တောင်ပိုင်းဂျာနယ်လစ်ကွန်ရက်၊ မြန်မာဂျာနယ်လစ်ကွန်ရက်(မကွေး)၊ တောင်ကြီးသတင်းစာဆရာများအသင်း (TJA)နှင့် မုံရွာဂျာနယ်လစ်ကွန်ရက်တို့က ပူးပေါင်းထုတ်ပြန်ခြင်းဖြစ်သည်။