Skip to main content

Posts

Showing posts from 2014

ဦးဝင်းတင် ကွယ်လွန်ခြင်းအတွက် အထူးကြေကွဲ ဝမ်းနည်းခြင်း

၁။ မြန်မာနိုင်ငံ သတင်းစာလောက၏ လေးစားတန်ဖိုးထားရသည့် သတင်းစာဆရာကြီး ဦးဝင်းတင် (အသက် ၈၅ နှစ်)သည် ၂ဝ၁၄ ခု ဧပြီလ ၂၁ ရက်နေ့(ယနေ့)နံနက် ၆ နာရီခွဲတွင် ဘဝတပါးသို့ကူး ပြောင်းသွားခဲ့ပါသည်။ ၂။ ဦးဝင်းတင်သည် ကြေးမုံသတင်းစာ စတင်ထူထောင်ရာတွင် ပါဝင်ခဲ့ကာ ၁၉၅၉ ခုနှစ်မှ ၁၉၆၄ ခုနှစ်ထိ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၆၈ မှ ၁၉၇၈ ခုနှစ်ထိ ဟံသာဝတီသတင်းစာ၏ အယ်ဒီတာချုပ်အဖြစ် ဆောင်ရွက်ခဲ့သည်။ ၃။ သတင်းစာဆရာအဖြစ် ဆယ်စုနှစ်များစွာ လုပ်ကိုင်ခဲ့ပြီး သတင်းစာလွတ်လပ်ခွင့် စာပေလွတ်လပ် ခွင့်အတွက် မားမားမားမတ်မတ် ရပ်တည်ခဲ့သူ ရပ်တည်ချက်ပြတ်သားခိုင်မာသူ၊ ဖိနှိပ်မှုအပြင်းထန်ဆုံး ကာလများတွင်ပင် မိမိကိုင်စွဲသည့်မူဝါဒကို ယိမ်းယိုင်ခြင်း မရှိစေဘဲ သတ္တိရှိရှိ ရပ်တည်ခဲ့သူဆရာကြီး ကွယ်လွန်သွားခြင်းအတွက် မြန်မာဂျာနယ်လစ်ကွန်ရက်မှ ဝမ်းနည်းကြေကွဲရသကဲ့သို့ နှမျောတသ လည်း ဖြစ်ရပါသည်။ ၄။ သတင်းစာလွတ်လပ်ခွင့် ပြည့်ဝစွာ မရရှိသေးမီ ယခုအချိန်ကာလ လမ်းခုလတ်တွင် ကွယ်လွန်ခဲ့ရ ခြင်းကြောင့်လည်း မြန်မာဂျာနယ်လစ်ကွန်ရက်မှ အထူးဝမ်းနည်းခြင်းဖြစ်ရပါသည်။ မြန်မာနိုင်ငံသတင်း စာလောကအတွက် ဦးဝင်းတင