Skip to main content

Posts

Showing posts from May, 2020

ဓာတ်ပုံသတင်းထောက် ဦးမျိုးခိုင် ကွယ်လွန်

ရန်ကုန် အခြေစိုက်ဓာတ်ပုံသတင်းထောက်တစ်ဦးဖြစ်သူ ဦးမျိုးခိုင်သည် မေလ၂၆ရက်နေ့က ကင်ဆာရောဂါနှင့် ကွယ်လွန်သွားခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက် ၅၆ နှစ်အရွယ်ရှိပြီဖြစ်သည်။

ဦးမျိုးခိုင်သည်  ကုမုဒြာနှင့် မော်ဒန် သတင်းဂျာနယ်တိုက်တွင်   ၁၀နှစ်ကျော်ကြာ လုပ်ကိုင်ခဲ့သူဖြစ်သည်။

မြန်မာနိုင်ငံဓာတ်ပုံအသင်း (MPS) ၏ ရာသက်ပန်အသင်းသားတစ်ဦးဖြစ်ပြီး၊ အသင်း၏ အလုပ်အမှုဆောင်အဖွဲ့ဝင် အဖြစ်လည်း တာဝန်ယူခဲ့သည်။

သတင်းထောက် လုပ်ဖော်ကိုင်ဘက်များက ချစ်ခင်ကြသူ၊ သတင်းဓာတ်ပုံကို သံယောဇဉ်ကြီးသူ ဦးမျိုးခိုင် ကွယ်လွန်သွားခြင်းအတွက် ဝမ်းနည်းမိပြီး သတင်းလောကအတွက် ဆုံးရှုံးမှု ဖြစ်ကြောင်း မြန်မာဂျာနယ်လစ်ကွန်ရက်က   မှတ်တမ်းတင်အပ်ပါသည်။

##

ဓာတ္ပုံသတင္းေထာက္ ဦးမ်ိဳးခိုင္ ကြယ္လြန္


ရန္ကုန္ အေျခစိုက္ဓာတ္ပုံသတင္းေထာက္တစ္ဦးျဖစ္သူ ဦးမ်ိဳးခိုင္သည္ ေမလ၂၆ရက္ေန႔က ကင္ဆာေရာဂါႏွင့္ ကြယ္လြန္သြားခဲ့သည္။ ကြယ္လြန္ခ်ိန္တြင္ အသက္ ၅၆ ႏွစ္အ႐ြယ္ရွိၿပီျဖစ္သည္။
ဦးမ်ဳိးခိုင္သည္ ကုမုျဒာႏွင့္ ေမာ္ဒန္ သတင္းဂ်ာနယ္တိုက္တြင္ ၁၀ႏွစ္ေက်ာ္ၾကာ လုပ္ကိုင္ခဲ့သူျဖစ္သည္။
ျမန္မာႏိုင္ငံဓာတ္ပုံအသင္း(MPS)၏ ရာသက္ပန္အသင္းသားတစ္ဦးျဖစ္ၿပီး၊ အသင္း၏ အလုပ္အမႈေဆာင္အဖဲြ႔ဝင္ အျဖစ္လည္း တာဝန္…

သတင်းသမား ဦးအောင်မိုးမြင့် ကွယ်လွန်

Unicode/Zawgyi-One


ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် အခြေစိုက် နေထိုင်သည့် ဦးအောင်မိုးမြင့်သည် မေလ ၁၆ ရက်နေ့က ကင်ဆာရောဂါနှင့် ကွယ်လွန်သွားသည်။  ကွယ်လွန်ချိန်တွင် အသက် ၄၉ နှစ် ရှိပြီဖြစ်သည်။

၂၀၀၀ ပြည့်နှစ်နောက်ပိုင်း BBC အသံလွှင့်ဌာနက ကာလအတန်ကြာ ထုတ်လွှင့်ခဲ့သည့်  သပြေကုန်းရွာ ရေဒီယိုဇာတ်လမ်းတွဲတွင် ကိုကြွက်ဖြူအမည်ဖြင့် ပါဝင်သရုပ်ဆောင်ခဲ့သူ ဦးအောင်မိုးမြင့်သည် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ၊  ထိုင်းရောက် မြန်မာပြည်သား ရွှေ့ပြောင်းအလုပ်သမားများအကြောင်းကို အထူးပြု ရေးသားတင်ဆက်ခဲ့သူဖြစ်သည်။

ထိုင်းနိုင်ငံရှိ မြန်မာနိုင်ငံသားတချို့ တည်ထောင်ထားသည့် သတင်းနှင့် မီဒီယာ ကွန်ယက် (Network Media Group) ၏ ဦးဆောင်သူတစ်ဦးဖြစ်သူ ဦးအောင်မိုးမြင့်သည် RFA သတင်းဌာနအတွက် သတင်းများကို နှစ်ပေါင်းများစွာ ပေးပို့ခဲ့သူတစ်ဦးဖြစ်သည်။

မီဒီယာအဖွဲ့အစည်းများ ပူးပေါင်း ဖွဲ့စည်းထားသည့် နိုင်ငံတကာ မြန်မာသတင်းအဖွဲ့ (BNI) တွင်လည်း အရေးကြီးသော တာဝန်များကို ကွယ်လွန်ချိန်အထိ ထမ်းဆောင်ခဲ့သူဖြစ်သည်။

သတင်းသမား ဦးအောင်မိုးမြင့် ကွယ်လွန်သွားခြင်းမှာ သတင်းလောကအတွက် ဆုံးရှုံးမှု ဖြစ်ပါသည်။  မြန်မာဂျာနယ်လစ်ကွန်ရက်က ဝမ်းနည်းကြောင်း မှတ်တ…