Skip to main content

Posts

Showing posts from July, 2018

မြန်မာဂျာနယ်လစ်ကွန်ရက် အလုပ်အမှုဆောင်အဖွဲ့

အလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးအဖွဲ့ ၁။ ဦးမြင့်ကျော် (အထွေထွေအတွင်းရေးမှူး) ၂။ မဝေမာသိမ့် (တွဲဘက်အတွင်းရေးမှူး ၁) ၃။ ကိုဇော်ထိုက် (တွဲဘက်အတွင်းရေးမှူး ၂) ဖွံ့ဖြိုးရေးကော်မတီ ၅။ မသက်ထားဆွေ ၆။ ကိုဇေယျာလှိုင် လူမှုရေးကော်မတီ ၇။ မတင်ဇာအောင် ၈။ ကိုသန်းဌေး ဘဏ္ဍာရေးကော်မတီ ၉။ မအေးအေးဇင် ၁၀။ ကိုကျော်ဇေယျာထွန်း ပြင်ပဆက်ဆံရေးနှင့် ပြန်ကြားရေးကော်မတီ ၁၁။ ကိုဇာနည်ဝင်း ၁၂။ ကိုကောင်းထက်စံ မိတ်ဘက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ် အလုပ်အမှုဆောင်များ မြေလတ်ဂျာနယ်လစ်ကွန်ရက် ၁၃။ ကိုမင်းညို တောင်ပိုင်းဂျာနယ်လစ်ကွန်ရက် ၁၄။ ကိုဇော်လွင်ထွဋ် ဧရာဝတီဂျာနယ်လစ်ကွန်ရက် ၁၅။ ဆလိုင်းသန့်စင် Taungyi Journalist Association ၁၆။ ကိုနေလင်းသိုက် မိတ်ဘက်သတင်းမီဒီယာအဖွဲ့အစည်းများသည် MJN ၏ လက်အောက်ခံမဟုတ်ဘဲ  အဖွဲ့အစည်းစည်းမျဉ်းအသီးသီးဖြင့် လွတ်လပ်စွာရပ်တည်ကြသော အဖွဲ့အစည်းများဖြစ်ပြီး လှုပ်ရှားမှုများကို ပိုမို မြန်ဆန်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရန် မိတ်ဘက်အဖွဲ့အစည်းများကို ထပ်မံထည့်သွင်းခဲ့ခြင်းဖြစ်ပါသည်။ အလုပ်အမှုဆောင်ကိုယ်စားလှယ်များသည် လှုပ်ရှားမှုများကို တန်းတူြေ

အနက်ရောင်ထီးကမ်ပိန်း

The Voice သတင်းဌာနမှ အယ်ဒီတာချုပ် ကိုကျော်မင်းဆွေနှင့် သရော်စာရေးသူ ဗြိတိသျှကိုကိုမောင်တို့ကို တပ်မတော်မှ တရားလိုပြုလုပ်ကာ တရားစွဲဆိုသည့် ကိစ္စတွင် MJN အနေဖြင့် သတင်းမီဒီယာများအပေါ် ဖိနှိပ်သည့် လုပ်ရပ်ဟု သုံးသပ်သဖြင့် လှုပ်ရှားမှုပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါအချိန်က ခေတ်စားခဲ့ပြီး စွဲဆိုခဲ့သော ပုဒ်မ ၆၆ (ဃ) (အာမခံမရ) ကို ပြင်းထန်စွာ ဆန့်ကျင်ခဲ့ပါသည်။ အနက်ရောင်ထီးများတွင် ၆၆ (ဃ) ကို အလိုမရှိသည့် လိုဂို၊ We Stand With The Voice စာတန်းဖြင့် သတင်းသမား ၂ ဦးကို ထောက်ခံရပ်တည်ခဲ့သည့် ကမ်ပိန်းဖြစ်ပြီး ၂၀၁၇ ဇွန်လ ၁၁ ရက်နေ့တွင်ပြုလုပ်ခဲ့ပါသည်။

မြန်မာဂျာနယ်လစ်ကွန်ရက်ရုံးခန်းရွှေ့ပြောင်းရခြင်း

၂၀၁၈ ဖေဖော်ဝါရီ ၂၅ ရက်နေ့တွင် ပြုလုပ်ခဲ့သော "ဦးဝီရသူအားအရေးယူရန်သံဃာတော်များနှိုးဆော်ခြင်း"အမည်ဖြင့် သတင်းစာရှင်းလင်းပွဲတွင် ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ပြီး ၃၅ လမ်းရှိ မိမိတို့ MJN ရုံးကို တိုက်ခန်းပိုင်ရှင်က ဆက်လက်ငှားရမ်းရန် မဖြစ်နိုင်တော့ကြောင်း အသိပေးလာသဖြင့် ရွှေ့ပြောင်းပေးခဲ့ရသည်။ လတ်တလော အခန်းနေရာရှာဖွေနေဆဲအချိန်တွင် Myanmar Now သတင်းဌာနက မြန်မာဂျာနယ်လစ်ကွန်ရက် သတင်းစာရှင်းလင်းပွဲများအတွက် ယာယီနေရာပေးအပ်ခဲ့သည်။ ထို့နောက် ပုစွန်တောင်မြို့နယ် လမ်း ၅၀ အပေါ်ဘလောက်သို့  ၂၀၁၈ မတ်လ ၃၁ ရက်နေ့က ရွှေ့ပြောင်းခဲ့ရသည်။ 

မြန်မာဂျာနယ်လစ်ကွန်ရက်မှစီစဉ်ပြုလုပ်ခဲ့သည့် "သတင်းမီဒီယာလွတ်လပ်ခွင့်ကာတွန်းပြပွဲ"မှတ်တမ်းများ

သတင်းမီဒီယာလွတ်လပ်ခွင့် ကာတွန်းပြပွဲကို ၂၀၁၈ ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှ စတင်ကာ ၂၈ ရက်နေ့အထိကျင်းပခဲ့သည်။ မြန်မာဂျာနယ်လစ်ကွန်ရက် ရုံးခန်းတွင် ငှားရမ်းထားသည့် တိုက်ခန်းပိုင်ရှင်က ဆက်လက်ငှားရမ်းရန် အဆင်မပြေသည့်အချိန်ဖြစ်ပြီး အဆိုပါ ပြပွဲကိုပါ တားမြစ်နေသည့်ကြားက ပြုလုပ်ခဲ့သည့် လှုပ်ရှားမှုလည်းဖြစ်သည်။ ဖမ်းဆီးထားခံရသော ရိုက်တာ သတင်းထောက် ၂ ဦးဖြစ်သည့် ကိုကျော်စိုးဦးနှင့်ကိုဝလုံးတို့ ဖြစ်ရပ်အပါအဝင် မြန်မာ့သတင်းမီဒီယာလောက သတင်းလွတ်လပ်ခွင့်ကျဆုံးနေသည့်အပေါ် ပြုလုပ်သည့် လှုပ်ရှားမှုလည်းဖြစ်သည်။ လှုပ်ရှားမှု၏ ထူးခြားချက်အနေဖြင့် မြန်မာဂျာနယ်လစ်ကွန်ရက်၏ မိတ်ဘက်အဖွဲ့အစည်းများဖြစ်သော ကွန်ရက်များထံသို့ အဆိုပါ ကာတွန်းများကိုပေးပို့ပြီး နယ်မြို့များတွင်လည်း ပြပွဲများပြုလုပ်ခဲ့သည့် လှုပ်ရှားမှုဖြစ်သည်။ တောင်ပိုင်းဂျာနယ်လစ်ကွန်ရက်၊ မြေလတ်ဂျာနယ်လစ်ကွန်ရက်တို့တွင် ပြုလုပ်ခဲ့ပြီးဖြစ်ပြီး ဆက်လက်ပြုလုပ်ရန် စီစဉ်နေဆဲဖြစ်သည်။  မြန်မာဂျာနယ်လစ်ကွန်ရက်

မြန်မာဂျာနယ်လစ်ကွန်ရက် သမိုင်းအကျဉ်း

မြန်မာဂျာနယ်လစ်ကွန်ရက် Myanmar Journalist Network(MJN)အဖွဲ့အစည်းကို ၂၀၁၁ ခုနှစ် စက်တင်ဘာ လ ၂ ရက်တွင် ရန်ကုန်မြို့၌ သတင်းထောက် ၃၅ ဦးဖြင့် စတင်ဖွဲ့စည်းခဲ့သည်။ ၁၉၈၈ခုနှစ်နောက်ပိုင်း ကာလတွင် ပထမဆုံး ပေါပေါက်ခဲ့သော သတင်းထောက် အဖွဲ့အစည်း တစ်ခုဖြစ်သည်။ အဖွဲ့အစည်း ဖွဲ့စည်းရာတွင် လိုအပ်သော သင်းဖွဲ့စည်းမျဉ်းကို အဖွဲ့စတင်တည်ထောင်သူများက စုပေါင်းရေး ဆွဲပြီး အစည်းအဝေးခေါ်ကာ အတည်ပြုခဲ့သည်။ ထို့နောက် အဖွဲ့အစည်းသို့ သတင်းထောက်များ အထူးသဖြင့် လူငယ်သတင်းထောက်များ အဖွဲ့ဝင်ဖြစ်ရေး အတွက် တိုင်းနှင့်ပြည်နယ်အနှံ့သို့ သွားရောက်စည်းရုံးခဲ့သည်။ ရန်ကုန်မြို့မှအပ နယ်မြို့များတွင် တည်ထောင်သော မြန်မာဂျာနယ်လစ်ကွန်ရက် အဖွဲ့ခွဲများကို ၎င်းတို့ဘာသာ ရပ်တည်ရှင်သန်နိုင်ပြီး သတင်းထောက်များအကျိုးအတွက် ဆောင်ရွက်နိုင်ရန် အားပေးထောက်ခံခဲ့သည်။ စတင်ဖွဲ့စည်းစတွင် သတင်းထောက်များ သာရေးနှင့်နာရေးကိစ္စများကို အရေးထားဆောင်ရွက်ခဲ့ပြီး ယခုအခါ သတင်းသမားများ၏ အခြေခံအခွင့်အရေးများကို ကာကွယ်ရန်၊ သတင်းသမားများ အရည်အသွေးတိုးတက်ရန် နှင့်မီဒီယာလောက ဖွံ့ဖြိုးတိုးတက်ရေးနှင့် မီဒီယာလောက ဖွံ့ဖြိုးတိုးတက်မှုမှတစ်ဆင့် လူ့အဖွဲ့အစည်းအားတ