Unicode/Zawgyi-One

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် အခြေစိုက် နေထိုင်သည့် ဦးအောင်မိုးမြင့်သည် မေလ ၁၆ ရက်နေ့က ကင်ဆာရောဂါနှင့် ကွယ်လွန်သွားသည်။ ကွယ်လွန်ချိန်တွင် အသက် ၄၉ နှစ် ရှိပြီဖြစ်သည်။
၂၀၀၀ ပြည့်နှစ်နောက်ပိုင်း BBC အသံလွှင့်ဌာနက ကာလအတန်ကြာ ထုတ်လွှင့်ခဲ့သည့် သပြေကုန်းရွာ ရေဒီယိုဇာတ်လမ်းတွဲတွင် ကိုကြွက်ဖြူအမည်ဖြင့် ပါဝင်သရုပ်ဆောင်ခဲ့သူ ဦးအောင်မိုးမြင့်သည် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ၊ ထိုင်းရောက် မြန်မာပြည်သား ရွှေ့ပြောင်းအလုပ်သမားများအကြောင်းကို အထူးပြု ရေးသားတင်ဆက်ခဲ့သူဖြစ်သည်။
ထိုင်းနိုင်ငံရှိ မြန်မာနိုင်ငံသားတချို့ တည်ထောင်ထားသည့် သတင်းနှင့် မီဒီယာ ကွန်ယက် (Network Media Group) ၏ ဦးဆောင်သူတစ်ဦးဖြစ်သူ ဦးအောင်မိုးမြင့်သည် RFA သတင်းဌာနအတွက် သတင်းများကို နှစ်ပေါင်းများစွာ ပေးပို့ခဲ့သူတစ်ဦးဖြစ်သည်။
မီဒီယာအဖွဲ့အစည်းများ ပူးပေါင်း ဖွဲ့စည်းထားသည့် နိုင်ငံတကာ မြန်မာသတင်းအဖွဲ့ (BNI) တွင်လည်း အရေးကြီးသော တာဝန်များကို ကွယ်လွန်ချိန်အထိ ထမ်းဆောင်ခဲ့သူဖြစ်သည်။
သတင်းသမား ဦးအောင်မိုးမြင့် ကွယ်လွန်သွားခြင်းမှာ သတင်းလောကအတွက် ဆုံးရှုံးမှု ဖြစ်ပါသည်။ မြန်မာဂျာနယ်လစ်ကွန်ရက်က ဝမ်းနည်းကြောင်း မှတ်တမ်းတင်အပ်ပါသည်။
##
သတင္းသမား ဦးေအာင္မိုးျမင့္ ကြယ္လြန္
ထိုင္းႏိုင္ငံ၊ ခ်င္းမိုင္ၿမိဳ႕တြင္ အေျခစိုက္ ေနထိုင္သည့္ ဦးေအာင္မိုးျမင့္သည္
ေမလ ၁၆ ရက္ေန႔က ကင္ဆာေရာဂါႏွင့္ ကြယ္လြန္သြားသည္။
ကြယ္လြန္ခ်ိန္တြင္ အသက္ ၄၉ ႏွစ္ ရိွၿပီျဖစ္သည္။
၂၀၀၀ ျပည့္ႏွစ္ေနာက္ပိုင္း BBC အသံလႊင့္ဌာနက ကာလအတန္ၾကာ ထုတ္လႊင့္ခဲ့သည့္ သေျပကုန္းရြာ ေရဒီယိုဇာတ္လမ္းတဲြတြင္ ကိုၾကြက္ျဖဴအမည္ျဖင့္ ပါဝင္သရုပ္ေဆာင္ခဲ့သူ ဦးေအာင္မိုးျမင့္သည္ ၿငိမ္းခ်မ္းေရး ေဆြးေႏြးပဲြမ်ား၊ ထုိင္းေရာက္ ျမန္မာျပည္သား ေရႊ႕ေျပာင္းအလုပ္သမားမ်ားအေၾကာင္းကို အထူးျပဳ ေရးသားတင္ဆက္ခဲ့သူျဖစ္သည္။
ထိုင္းႏိုင္ငံရိွ ျမန္မာႏိုင္ငံသားတခ်ဳိ႕ တည္ေထာင္ထားသည့္ သတင္းႏွင့္ မီဒီယာ ကြန္ယက္ (Network Media Group) ၏ ဦးေဆာင္သူတစ္ဦးျဖစ္သူ ဦးေအာင္မိုးျမင့္သည္ RFA သတင္းဌာနအတြက္ သတင္းမ်ားကို ႏွစ္ေပါင္းမ်ားစြာ ေပးပို႔ခဲ့သူတစ္ဦးျဖစ္သည္။
မီဒီယာအဖြဲ႕အစည္းမ်ား ပူးေပါင္း ဖဲြ႔စည္းထားသည့္ ႏိုင္ငံတကာ ျမန္မာသတင္းအဖြဲ႕ (BNI) တြင္လည္း အေရးႀကီးေသာ တာဝန္မ်ားကို ကြယ္လြန္ခ်ိန္အထိ ထမ္းေဆာင္ခဲ့သူျဖစ္သည္။
သတင္းသမား ဦးေအာင္မိုးျမင့္ ကြယ္လြန္သြားျခင္းမွာ သတင္းေလာကအတြက္ ဆံုးရံႈးမႈ ျဖစ္ပါသည္။ ျမန္မာဂ်ာနယ္လစ္ကြန္ရက္က ဝမ္းနည္းေၾကာင္း မွတ္တမ္းတင္အပ္ပါသည္။
Comments
Post a Comment