Skip to main content

Posts

Showing posts from August, 2018

၂၀၁၈ ခုနှစ် သြဂုတ် ၂၇ ရက်နေ့ ကိုဝလုံးနှင့်ကိုကျော်စိုးဦးတို့အား အမိန့်ချမည့်နေ့ မှတ်တမ်း။

အဆိုပါနေ့တွင် အမိန့်ချမှတ်မည့် တရားသူကြီး ကျန်းမာရေးမကောင်းသဖြင့် လာေ ရာက်နိုင်ခြင်းမရှိဟုဆိုကာ ၂၀၁၈ စက်တင်ဘာ ၃ ရက်နေ့သို့ ပြန်လည်ချိန်းဆိုခဲ့သည်။ မြန်မာဂျာနယ်လစ်ကွန်ရက် ပြင်ပဆက်ဆံရေး၊ သတင်းနှင့်ပြန်ကြားရေးကော်မတီ # freewalone_kyawsoeoo   # pressfreedom

ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ လွတ်မြောက်ပါစေ........

ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ လွတ်မြောက်ပါစေ........ နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေနှင့် တရားစွဲဆို ဖမ်းဆီးခံထားရသည့် ရိုက်တာသတင်း ထောက် ကိုသက်ဦးမောင်(ခ)ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ကို လာမည့် ၂၇ရက်နေ့တွင် အမိန့်ချတော့မည်ဟု သိရပါသည်။ အဆိုပါအမှုမှ လွတ်မြောက်ရန် မြန်မာဂျာနယ်လစ်ကွန်ရက်အနေနှင့် မျှော်လင့်လျက်ရှိပါသည်။ ၄င်းသတင်းသမားနှစ်ဦးသည် ရခိုင်ပဋိပက္ခဖြစ်စဉ်အတွင်း သတင်းသမားတစ်ဦး၏ တာဝန်နှင့် အလုပ်ဖြစ်သည့် ဖြစ်စဉ်နှင့် အချက်အလက်မှန်များကို ရှာဖွေဖော်ထုတ်ရေးသားခြင်းအလုပ်ကိုသာ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ယုံကြည်ပါသည်။ ရခိုင်ပြည်နယ်ပဋိပက္ခဖြစ်စဉ်များမှာ ကိုဝလုံး ပါဝင်ရေးသားခဲ့သည့် ရခိုင်ပြည်နယ်အတွင်း နေထိုင်သည့် ဟိန္ဒူဘာသာဝင်များ အသတ်ခံရမှု၊ရဲကင်းများ တိုက်ခိုက်ခံရမှုများနှင့် ပတ်သက်ပြီး သတင်းများ စဉ်ဆက်မပြတ်ရေးသားခဲ့သည်။ အဆိုပါ သတင်းများ ရေးသားတင်ဆက်မှုများကို ကြည့်ခြင်းဖြင့် သတင်းသမား တို့ တာဝန်နှင့် အလုပ်ကို လုပ်ဆောင်ခဲ့သည်ဆိုသည်မှာ ထင်ရှားစွာ သက်သေပြလျက်ရှိပါသည်။ သတင်းသမားတို့၏ တာဝန်ကို အကာအကွယ်ရရန် လိုအပ်ပါသည်။ အများပြည်သူတိ
သတင်းထုတ်ပြန်ချက် ရက်စွဲ - ၁၈.၈.၂၀၁၈ ၂၀၁၈ သြဂုတ်လ ၁၈ ရက်နေ့တွင် ကျင်းပခဲ့သော မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ကောင်စီဝင်ရွေးချယ်တင်မြှောက်ပွဲသို့ MJN မှ ဝင်ရောက် ရွေးချယ်ခံခဲ့ပါသည်။ MJN အနေဖြင့် မဝေမာသိမ့်၊ ကိုဇော်ထိုက်၊ ကိုမြင့်ကျော်၊ မတင်ဇာအောင်နှင့် ကိုဇေယျာလှိုင်တို့က ဝင်ရောက်ရွေးချယ်ခွင့်ရှိသော နေရာအသီးသီးမှ ပါဝင်ခဲ့ပါသည်။ လက်ရှိ ရွေးချယ်ခံရသည့် MJN ကိုယ်စားလှယ်များမှာ မဝေမာသိမ့် (MJN နေရာ) ၊ ကိုမြင့်ကျော်(အဖွဲ့အစည်း)နှင့် ကိုဇေယျာလှိုင်(တစ်ဦးချင်း)တို့ဖြစ်ပါသည်။ ပြင်ပဆက်ဆံရေး၊ သတင်းနှင့်ပြန်ကြားရေးကော်မတီ ဓါတ်ပုံများ - မြန်မာဂျာနယ်လစ်ကွန်ရက် (ပြင်ပဆက်ဆံရေး၊သတင်းနှင့်ပြန်ကြားရေးကော်မတီ)

ကိုဝလုံးနှင့်ကိုကျော်စိုးဦးတို့ အမှုအခြေအနေများကို အကျိုးဆောင်ရှေ့နေနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး ကိုဝလုံး၏ ဇနီးမပန်းအိမွန်အားသွားရောက်တွေ့ဆုံ

၂၀၁၈ သြဂုတ်လ ၄ ရက်ေ်န့က ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့၏ အမှုအခြေအနေနဲ့ MJN အနေနဲ့ ၀ိုင်းဝန်းဆောင်ရွက်နိုင်မယ့်အရေးကို ၄င်းတို့ရဲ့ အကျိုးဆောင်ရှေ့နေ ကိုသန်းဇော်အောင်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီး MJN အနေနဲ့ လုပ်ဆောင်ပေးရမယ့် ကိစ္စတွေကို ဆွေးနွေးခဲ့ပါတယ်။ ရှေ့နေနဲ့ တိုင်ပင်ဆွေးနွေးပြီး MJN အနေနဲ့ ဆောင်ရွက်ရမယ့် ကိစ္စတွေနဲ့ ပတ်သက်ပြီး မီဒီယာတချို့နဲ့ တိုင်ပင်ဆွေးနွေးမှုတွေ ဆက်လက်လုပ်ဆောင် လျှက်ရှိပါတယ်။ သြဂုတ်လ ၁၁ ရက်မှာ ကိုဝလုံးနဲ့ ဇနီး မပန်းအိမွန်တို့ရဲ့ သမီးလေး မွေးဖွားတာကို MJN အနေနဲ့ သွားရောက်မေးမြန်း အားပေးခဲ့ပါတယ်။ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးအတွက် MJN အနေနဲ့ အမြဲ ရပ်တည်နေကြောင်းနဲ့ MJN အနေနဲ့ လုပ်ဆောင်ခဲ့တာတွေနဲ့ ဆက်လက်လုပ်ဆောင်မယ့် ကိစ္စတွေကိုလည်း ပြောကြားခဲ့ပါတယ်။ MJN အနေနဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ ဖမ်းဆီခံရမှုအတွက် တရားရုံးရှေ့တွင် ဆန္ဒထုတ်ဖော်မှုမှာ ပါဝင်ခဲ့ခြင်း၊ရုံးထုတ်တွင် အမှုဆောင်များမှ သွားရောက်အားပေးစကားပြောကြားခြင်း၊ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့အတွက် ရည်ရွယ်ပြီး သတင်းလွတ်လပ်ခွင့်ဆိုင်ရာ ကာတွန်းပြပွဲများ ရန်ကုန် MJN ၊မော်လမြိုင် SMJN ၊ မြေလတ်ဂျာနယ်လစ်ကွန

ရုပ်သံဥပဒေစကားဝိုင်းဆွေးနွေးပွဲ (1.8.2018)

စကားဝိုင်းဆွေးနွေးပွဲရဲ့ ခေါင်းစဉ်က ရုပ်/သံဥပဒေစကားဝိုင်းဆွေးနွေးပွဲပါ။အဓိက ဆွေးနွေးတာတော့ ပြီးခဲ့တဲ့ ၂၀၁၅ သြဂုတ်လ၂၈ ရက်က အတည်ပြုပြဌာန်းခဲ့တဲ့ ၂၀၁၅ခုနှစ် ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာဥပဒေ နဲ့ မကြာခင်ရက်ပိုင်းက ပြင်လည်ပြင်ဆင်ချက်ဥပဒေ(၂၀၁၈  ဇွန်လ ၂၉ရက်က)အပေါ် အားနည်းချက်၊အားသာချက်တွေကို တိုင်းရင်းမီဒီယာအခြေစိုက် မီဒီယာကိုယ်စားလှယ်တွေ၊ content provider တချို့က ကိုယ်စားလှယ်တချို့ပါဝင်ပြီး ဆွေးနွေးခဲ့ကြတာဖြစ်တယ်။ Internews နဲ့ MJN တို့ ပူးပေါင်းလုပ်ဆောင်တဲ့ ပွဲပါ။ဆွေးနွေးပွဲမှာ မူလ ဥပဒေနဲ့ ပြင်ဆင်လိုက်တဲ့ ဥပဒေထဲက အားနည်းချက်တွေဖြစ်တဲ့ ကောင်စီဖွဲ့စည်းမှု၊ လုပ်ငန်းလိုင်စင်အမျိုးအစား၊ဥပဒေပါအချက်များရဲ့ အဓိပ္ပါယ်ရှင်းလင်းချက်တွေ မပြည့်စုံခြင်းနဲ့ ရှုပ်ထွေးနေခြင်း၊ တန်းတူအခွင့်အရေးရဖို့နဲ့ စီးပွားရေးအရ၊ နည်းပညာအရ အဖွဲ့သစ်တွေမှာ အခွင့်အလမ်းတွေ ပိုလာဖို့။Localမီဒီယာတွေနဲ့ တိုင်းရင်းမီဒီယာတွေအတွက် ဒီဥပဒေအရ အခွင့်အရေးတွေ သီးသန့်ပေးထားမှုမျိုး မတွေ့ရတဲ့အတွက် ထည့်သွင်းစဉ်းစားဖို့၊အသစ်ပြင်ဆင်လိုက်တဲ့ နည်းဥပဒေ မထွက်ခင်မှာ မီဒီယာတွေဘက်က ဥပဒေအားနည်းချက်တွေကို ထောက်ပြပြီး နည်းဥပဒေမှာ ဖြည့်