Skip to main content

၂၀၁၉ ခုႏွစ္ ကမၻာ့သတင္းလြတ္လပ္ခြင့္ေန႔ အခမ္းအနားသို႔ ျမန္မာဂ်ာနယ္လစ္ကြန္ရက္မွ ေပးပို႔သည့္ သဝဏ္လႊာ

ကမၻာ့သတင္းလြတ္လပ္ခြင့္ေန႔ အခမ္းအနားသို႔ ျမန္မာဂ်ာနယ္လစ္ကြန္ရက္မွ ေပးပို႔သည့္ သဝဏ္လႊာ
ရက္စြဲ - ေမလ ၃ ရက္၊ ၂၀၁၉
ယေန႔က်ေရာက္သည့္ ကမၻာ့သတင္းလြတ္လပ္ခြင့္ အထိမ္းအမွတ္ေန႔တြင္ ယခုကဲ့သို႔
ကမၻာ့သတင္းလြတ္လပ္ခြင့္ အခမ္းအနားကို စီစဥ္က်င္းပႏိုင္ျခင္းအတြက္ စီစဥ္သည့္
အဖြဲ႔အစည္းမ်ားအား ေက်းဇူးတင္ရွိပါသည္။
“ဒီမိုကေရစီအတြက္ မီဒီယာ၊ လုပ္ႀကံသတင္းမ်ားေခတ္အတြင္းမွ သတင္းပညာႏွင့္
ေ႐ြးေကာက္ပြဲမ်ား” ဆိုသည့္ ေဆာင္ပုဒ္သည္ ယေန႔ေခတ္ ကမၻာႏွင့္အဝွမ္းႀကံဳေတြ႕
ေနရသည့္ မွားယြင္းစြာသတင္းေပးျခင္းနွင့္ လြဲမွားေသာသတင္းမ်ား ေန႔စဥ္ႏွင့္အမွ်
ျပည့္လႊမ္းေနသည့္ အေျခအေနကို လိုက္ဖက္ညီသည့္ ေဆာင္ပုဒ္တစ္ရပ္ျဖစ္သည္ဟု
ျမန္မာဂ်ာနယ္လစ္ကြန္ရက္ အေနျဖင့္ ယူဆပါသည္။
ျမန္မာႏိုင္ငံအဖို႔ ယေန႔ကာလသည္ ဒီမိုကေရစီအသြင္ကူးေျပာင္းေရးသို႔ ဦးတည္
ေလွ်ာက္လွမ္းေနသည့္ ကာလျဖစ္သကဲ့သို႔ ယင္းသို႔ေသာကာလတြင္ သတင္း
လြတ္လပ္ခြင့္ ႏွင့္ လြတ္လပ္ေသာ သတင္းမီဒီယာမ်ား တည္ရွိေရးသည္ ဒီမိုကေရစီ
ပန္းတိုင္သို႔ အျမန္ဆံုးေရာက္ရွိေရးအတြက္ အလြန္အေရးႀကီးသည့္ လိုအပ္ခ်က္မ်ား
ျဖစ္ပါသည္။
ယင္းသို႔ေသာကာလတြင္ သတင္းမီဒီယာမ်ား အေနျဖင့္ အမ်ားအက်ိဳးစီးပြားကို
ေရွးရႈ၍ ေဖာ္ထုတ္တင္ျပမႈမ်ား ျပဳလုပ္ႏိုင္ရန္အလို႔ငွာ ပထမအေရးတႀကီးလိုအပ္သည္ ့
အရာမွာ သတင္းလြတ္လပ္ခြင့္ ျဖစ္ပါသည္။
ယင္းေနာက္ ဒုတိယ လိုအပ္သည့္ အရာမွာ အမွီအခိုကင္းသည့္ ပုဂၢလိကမီဒီယာမ်ား
ရွင္သန္ရပ္တည္ႏိုင္ေရးျဖစ္ပါသည္။
ယေန႔အခါသမယတြင္ ယင္းအခ်က္ႏွစ္ခ်က္ကို အထူးဂရုျပဳ အေလးထားရန္အတြက္
ျမန္မာႏိုင္ငံအစိုးရႏွင့္ တကြ သက္ဆိုင္ရာအဖြဲ႕အစည္းအသီးသီးကို ျမန္မာဂ်ာနယ္လစ္
ကြန္ရက္ အေနျဖင့္ တိုက္တြန္းလိုပါသည္။
အထက္က ဆိုခဲ့သည့္ လုပ္ႀကံသတင္းမ်ား ယေန႔ေခတ္ကာလတြင္ မလႊမ္းမိုးေစေရး
အတြက္ သတင္းလြတ္လပ္ခြင့္ကို ျမတ္ႏိုးသူတိုင္း လိုလားသူတိုင္း ႀကိဳးပမ္းရမည္ဟု
ျမန္မာဂ်ာနယ္လစ္ကြန္ရက္အေနျဖင့္ ရႈျမင္ပါသည္။
ယေန႔ေခတ္သမယတြင္ ပရိသတ္အားညွိဳ႕ယူ ဆြဲေဆာင္ အားေကာင္းေသာ
ဆိုရွယ္မီဒီယာပလက္ေဖာင္း ၊ လြဲမွားသည့္သတင္းမ်ားကို မည္သူမဆို လြယ္ကူစြာ
လုပ္ႀကံဖန္တီး၊ ျဖန္႔ေဝႏိုင္သည့္ နည္းပညာ လက္လွမ္းမီွမႈ၊ တေယာက္မွအမ်ားသို႔
ျပန္႔ႏွံ႔သည့္ အေျခအေနမွ အမ်ားမွ အမ်ားသို႔ ျပန္႔ႏွံ႔ႏိုင္သည့္ နည္းပညာမ်ားက
လုပ္ႀကံဖန္တီးသည့္သတင္းမ်ား ေနရာရေအာင္၊ ေရပန္းစားေအာင္ ကူညီအားေပးရာ
ေရာက္ေနသည့္ အေနအထားလည္း ျဖစ္ပါသည္။
သို႔ျဖစ္၍ ယေန႔ကဲ့သို႔ ကမၻာ့သတင္းလြတ္လပ္ခြင့္ေန႔ အခါသမယတြင္
ျမန္မာဂ်ာနယ္လစ္ကြန္ရက္ အေနျဖင့္ တိုက္တြန္းလိုသည့္ အခ်က္မွာမည္သည့္
အထူးျပဳနာမဝိေသသစကားလံုးမွ်မပါေသာ သတင္းလြတ္လပ္ခြင့္ကို သက္ဆိုင္ရာ
အဖြဲ႕အစည္းအသီးသီးမွ ဝိုင္းဝန္းလုပ္ေဆာင္ေပးၾကပါရန္၊ သတင္းလြတ္လပ္ခြင့္
အတြက္လုပ္ေဆာင္မႈမ်ား ၊ ရပ္တည္ေပးၾကသည့္ အဖြဲ႔အစည္း၊ လူပုဂၢိဳလ္ စသည္တို႔ကို
ေလးစားအားေပး ေထာက္ခံၾကပါရန္ ျမန္မာဂ်ာနယ္လစ္ကြန္ရက္ အေနျဖင့္
တိုက္တြန္းအပ္ပါသည္။
ျမန္မာဂ်ာနယ္လစ္ကြန္ရက္
Unicode
ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ အခမ်းအနားသို့ မြန်မာဂျာနယ်လစ်ကွန်ရက်မှ ပေးပို့သည့် သဝဏ်လွှာ
ရက်စွဲ - မေလ ၃ ရက်၊ ၂၀၁၉
ယနေ့ကျရောက်သည့် ကမ္ဘာ့သတင်းလွတ်လပ်ခွင့် အထိမ်းအမှတ်နေ့တွင် ယခုကဲ့သို့
ကမ္ဘာ့သတင်းလွတ်လပ်ခွင့် အခမ်းအနားကို စီစဉ်ကျင်းပနိုင်ခြင်းအတွက် စီစဉ်သည့်
အဖွဲ့အစည်းများအား ကျေးဇူးတင်ရှိပါသည်။
“ဒီမိုကရေစီအတွက် မီဒီယာ၊ လုပ်ကြံသတင်းများခေတ်အတွင်းမှ သတင်းပညာနှင့်
ရွေးကောက်ပွဲများ” ဆိုသည့် ဆောင်ပုဒ်သည် ယနေ့ခေတ် ကမ္ဘာနှင့်အဝှမ်းကြုံတွေ့
နေရသည့် မှားယွင်းစွာသတင်းပေးခြင်းနှင့် လွဲမှားသောသတင်းများ နေ့စဉ်နှင့်အမျှ
ပြည့်လွှမ်းနေသည့် အခြေအနေကို လိုက်ဖက်ညီသည့် ဆောင်ပုဒ်တစ်ရပ်ဖြစ်သည်ဟု
မြန်မာဂျာနယ်လစ်ကွန်ရက် အနေဖြင့် ယူဆပါသည်။
မြန်မာနိုင်ငံအဖို့ ယနေ့ကာလသည် ဒီမိုကရေစီအသွင်ကူးပြောင်းရေးသို့ ဦးတည်
လျှောက်လှမ်းနေသည့် ကာလဖြစ်သကဲ့သို့ ယင်းသို့သောကာလတွင် သတင်း
လွတ်လပ်ခွင့် နှင့် လွတ်လပ်သော သတင်းမီဒီယာများ တည်ရှိရေးသည် ဒီမိုကရေစီ
ပန်းတိုင်သို့ အမြန်ဆုံးရောက်ရှိရေးအတွက် အလွန်အရေးကြီးသည့် လိုအပ်ချက်များ
ဖြစ်ပါသည်။
ယင်းသို့သောကာလတွင် သတင်းမီဒီယာများ အနေဖြင့် အများအကျိုးစီးပွားကို
ရှေးရှု၍ ဖော်ထုတ်တင်ပြမှုများ ပြုလုပ်နိုင်ရန်အလို့ငှာ ပထမအရေးတကြီးလိုအပ်သည့်
အရာမှာ သတင်းလွတ်လပ်ခွင့် ဖြစ်ပါသည်။
ယင်းနောက် ဒုတိယ လိုအပ်သည့် အရာမှာ အမှီအခိုကင်းသည့် ပုဂ္ဂလိကမီဒီယာများ
ရှင်သန်ရပ်တည်နိုင်ရေးဖြစ်ပါသည်။
ယနေ့အခါသမယတွင် ယင်းအချက်နှစ်ချက်ကို အထူးဂရုပြု အလေးထားရန်အတွက်
မြန်မာနိုင်ငံအစိုးရနှင့် တကွ သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးကို မြန်မာဂျာနယ်လစ်
ကွန်ရက် အနေဖြင့် တိုက်တွန်းလိုပါသည်။
အထက်က ဆိုခဲ့သည့် လုပ်ကြံသတင်းများ ယနေ့ခေတ်ကာလတွင် မလွှမ်းမိုးစေရေး
အတွက် သတင်းလွတ်လပ်ခွင့်ကို မြတ်နိုးသူတိုင်း လိုလားသူတိုင်း ကြိုးပမ်းရမည်ဟု
မြန်မာဂျာနယ်လစ်ကွန်ရက်အနေဖြင့် ရှုမြင်ပါသည်။
ယနေ့ခေတ်သမယတွင် ပရိသတ်အားညှို့ယူ ဆွဲဆောင် အားကောင်းသော
ဆိုရှယ်မီဒီယာပလက်ဖောင်း ၊ လွဲမှားသည့်သတင်းများကို မည်သူမဆို လွယ်ကူစွာ
လုပ်ကြံဖန်တီး၊ ဖြန့်ဝေနိုင်သည့် နည်းပညာ လက်လှမ်းမှီမှု၊ တယောက်မှအများသို့
ပြန့်နှံ့သည့် အခြေအနေမှ အများမှ အများသို့ ပြန့်နှံ့နိုင်သည့် နည်းပညာများက
လုပ်ကြံဖန်တီးသည့်သတင်းများ နေရာရအောင်၊ ရေပန်းစားအောင် ကူညီအားပေးရာ
ရောက်နေသည့် အနေအထားလည်း ဖြစ်ပါသည်။
သို့ဖြစ်၍ ယနေ့ကဲ့သို့ ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ အခါသမယတွင်
မြန်မာဂျာနယ်လစ်ကွန်ရက် အနေဖြင့် တိုက်တွန်းလိုသည့် အချက်မှာမည်သည့်
အထူးပြုနာမဝိသေသစကားလုံးမျှမပါသော သတင်းလွတ်လပ်ခွင့်ကို သက်ဆိုင်ရာ
အဖွဲ့အစည်းအသီးသီးမှ ဝိုင်းဝန်းလုပ်ဆောင်ပေးကြပါရန်၊ သတင်းလွတ်လပ်ခွင့်
အတွက်လုပ်ဆောင်မှုများ ၊ ရပ်တည်ပေးကြသည့် အဖွဲ့အစည်း၊ လူပုဂ္ဂိုလ် စသည်တို့ကို
လေးစားအားပေး ထောက်ခံကြပါရန် မြန်မာဂျာနယ်လစ်ကွန်ရက် အနေဖြင့်
တိုက်တွန်းအပ်ပါသည်။
မြန်မာဂျာနယ်လစ်ကွန်ရက်


Comments

Popular posts from this blog

သတင်းသမား ဦးအောင်မိုးမြင့် ကွယ်လွန်

Unicode/Zawgyi-One ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် အခြေစိုက် နေထိုင်သည့် ဦးအောင်မိုးမြင့်သည် မေလ ၁၆ ရက်နေ့က ကင်ဆာရောဂါနှင့် ကွယ်လွန်သွားသည်။  ကွယ်လွန်ချိန်တွင် အသက် ၄၉ နှစ် ရှိပြီဖြစ်သည်။ ၂၀၀၀ ပြည့်နှစ်နောက်ပိုင်း BBC အသံလွှင့်ဌာနက ကာလအတန်ကြာ ထုတ်လွှင့်ခဲ့သည့်  သပြေကုန်းရွာ ရေဒီယိုဇာတ်လမ်းတွဲတွင် ကိုကြွက်ဖြူအမည်ဖြင့် ပါဝင်သရုပ်ဆောင်ခဲ့သူ ဦးအောင်မိုးမြင့်သည် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ၊  ထိုင်းရောက် မြန်မာပြည်သား ရွှေ့ပြောင်းအလုပ်သမားများအကြောင်းကို အထူးပြု ရေးသားတင်ဆက်ခဲ့သူဖြစ်သည်။ ထိုင်းနိုင်ငံရှိ မြန်မာနိုင်ငံသားတချို့ တည်ထောင်ထားသည့် သတင်းနှင့် မီဒီယာ ကွန်ယက် (Network Media Group) ၏ ဦးဆောင်သူတစ်ဦးဖြစ်သူ ဦးအောင်မိုးမြင့်သည် RFA သတင်းဌာနအတွက် သတင်းများကို နှစ်ပေါင်းများစွာ ပေးပို့ခဲ့သူတစ်ဦးဖြစ်သည်။ မီဒီယာအဖွဲ့အစည်းများ ပူးပေါင်း ဖွဲ့စည်းထားသည့် နိုင်ငံတကာ မြန်မာသတင်းအဖွဲ့ (BNI) တွင်လည်း အရေးကြီးသော တာဝန်များကို ကွယ်လွန်ချိန်အထိ ထမ်းဆောင်ခဲ့သူဖြစ်သည်။ သတင်းသမား ဦးအောင်မိုးမြင့် ကွယ်လွန်သွားခြင်းမှာ သတင်းလောကအတွက် ဆုံးရှုံးမှု ဖြစ်ပါသည်။  မြန်မာဂျာနယ်လစ်ကွန်ရက်က ဝမ်းနည်းကြော

တည်းဖြတ်ခြင်း သင်တန်း

[Zawgyi-One below] သတင်း၊ ဆောင်းပါး တည်းဖြတ်ခြင်း အခြေခံအဆင့် သင်တန်းကို ဇွန် ၁၅ ရက်နေ့က MJN ရုံးမှာ နှစ်ရက်ကြာ ပြုလုပ်ခဲ့ပါတယ်။ သင်တန်းတက်ရောက်သူတွေက သင်တန်းကာလ နောက်ပိုင်းမှာလည်း တည်းဖြတ်ခြင်းနဲ့ ပတ်သက်ပြီး  အွန်လိုင်းမှာ ဆက်လက် တွေ့ဆုံ လေ့လာနိုင်ကြမှာ ဖြစ်ပါတယ်။ သင်တန်းမှာပါဝင်သူတွေက လုပ်ငန်းခွင် ဝင်ရောက်နေကြပါပြီ။ သင်တန်းမှာ Facebook သုံးဖို့ ခေတ္တ အနားပေးချိန်တွေ ရှိတာကို သူတို့ ပြန်သတိရကောင်း ရနေပါလိမ့်မယ်။ ကော်ဖီမစ်နဲ့ ဧည့်ခံခြင်းမရှိတာကိုလည်း အမှတ်ရနေဖွယ် ရှိပါတယ်။ ကော်ဖီမစ်ဟာ အသောက်များရင် ဆေးရုံရောက်နိုင်တယ်လို့ သင်တန်းနည်းပြက ခြိမ်းခြောက်တာကိုတော့ သူတို့ ကြောက်ဟန် မရှိပါ။ သံပုရာရည် ကိုယ်တိုင်ဖျော်သောက်ကြဖို့ တိုက်တွန်းတာကို သင်တန်းတက်သူ အများအပြား လိုက်နာကြပါတယ်။ ကျန်းမာရေးလိုက်စားချင်တာကြောင့် မဟုတ်ဘဲ အိပ်ချင်ပြေဖို့ ဖျော်သောက်ကြပုံ ရပါတယ်။ သင်တန်းနည်းပြဖြစ်သူကတော့ သတင်းပဲဖြစ်ဖြစ် ဘယ်လုပ်ငန်းပဲဖြစ်ဖြစ် ကျန်းမာရေးကောင်းမှ ဆက်လုပ်နိုင်မယ်လို့ ယူဆနေပါတယ်။ ## တည္းျဖတ္ျခင္း သင္တန္း ============== သတင္း၊ ေဆာင္းပါး တည္းျဖတ္ျခင္း အေျခခံအဆင့္ သင္တန္းကို ဇြန္ ၁၅

ၿငိမ္းခ်မ္းေရးစကားဝိုင္း - မတ္ ၉

မတ္လ ၈ ရက္ေန႔ နံနက္ပိုင္းက NJN ရံုးတြင္ သတင္းသမားတခ်ဳိ႕ႏွင့္ ေဆြးေႏြးေနေသာ Myanmar Institute for Democracy (MID) ၏ အမႈေဆာင္ဒါ႐ိုက္တာ ဦးရဲထြဋ္။ ျမန္မာ့ၿငိမ္းခ်မ္းေရးျဖစ္စဥ္ကို သတင္းသမားမ်ား ပိုမိုသိရိွနားလည္ၿပီး ၿငိမ္းခ်မ္းေရးဆုိင္ရာ သတင္းမ်ား တင္ဆက္ရာတြင္ ထိေရာက္မႈ ရိွေစရန္အတြက္ ရည္ရြယ္ေသာ စကားဝိုင္း ျဖစ္သည္။ ယခုႏွစ္အတြင္း  ဤသို႔ေသာ စကားဝိုင္းမ်ားကို မၾကာခဏ  ျပဳလုပ္သြားမည္ ျဖစ္သည္။