Skip to main content

Posts

Showing posts from January, 2019

အခြေခံသတင်းပညာသင်တန်း (၁/၂၀၁၉)

မြန်မာဂျာနယ်လစ်ကွန်ရက်မှ ဦးစီးဖွင့်လှစ်သည့် အခြေခံသတင်းပညာသင်တန်း(၁/၂၀၁၉)အား ဇန်နဝါရီ ၂၇ ရက်နေ့က MJN ရုံးတွင် စတင်ဖွင့်လှစ်သင်ကြားခဲ့ပါသည်။ သင်တန်းသားစုစုပေါင်း ၁၀ ဦးအား သတင်းစာဆရာ ဦးနိုင်မင်းဝေက ဦးဆောင်သင်ကြားပေးလျက်ရှိပါသည်။ အခြေခံသင်တန်းများအား နှစ်လတစ်ကြိမ်ဖွင့်လှစ်သွားရန် ရည်မှန်းထားပြီး အခြားလိုအပ်သည့် သင်တန်းများကိုလည်း ထပ်မံဖွင့်လှစ်သွားနိုင်ရန် စီစဉ်နေပါသည်။ မြန်မာဂျာနယ်လစ်ကွန်ရက်။ # mjn

MJN ကွန်ရက်ဝင်များသို့ အသိပေးခြင်း

မြန်မာနိုင်ငံ ဒေသအသီးသီးရှိ MJN ကွန်ရက်ဝင် သတင်းသမားများသို့ ရည်ရွယ်ပါသည်။ MJN သည် သတင်းသမားများအချင်းချင်းနှင့် သတင်းရင်းမြစ်များကြား သတင်းစီးဆင်းမှုအားကောင်းစေရန် Myanmar Journalist Network (Information Group) နှင့် MJN ကွန်ရက်ဝင် သီးသန့် Group များကို ဖွဲ့စည်းထားခဲ့ပြီးဖြစ်ပါသည်။ MJN သို့ ကွန်ရက်ဝင်အဖြစ် ဝင်ရောက်လာသော သတင်းသမားဦးရေများ တိုးလာသည်နှင့်အမျှ MJN ကွန်ရက်ဝင် သီးသန့် Group သို့ ကွန်ရက်ဝင်အသစ်များ မရောက်ရှိသေးသည်ကို သိရှိရပါသည်။ ထို့ကြောင့် အဆိုပါ ကွန်ရက်ဝင် သီးသန့် Group သို့ဝင်ရောက်နိုင်ရန် မိမိတို့ကွန်ရက်ဝင်စဉ်က လျှောက်ထားခဲ့သော လျှောက်လွှာ(ရှိပါက) သို့မဟုတ် ဝင်ခဲ့သော ခုနှစ်၊ လ၊ အမည်၊ ကလောင်အမည်၊ ဆက်သွယ်ရန်ဖုန်းနံပါတ်၊ သတင်းမီဒီယာတိုက် စသည့်အချက်အလက်များကို ယခုပို့စ်၏ ကွန်မန့်တွင်လည်းကောင်း ချက်ဘောက်တွင်လည်းကောင်း ပေးပို့ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ MJN ရှိစာရင်းများနှင့် စိစစ်ပြီး Group အတွင်းသို့ထည့်ပေးသွားမည်ဖြစ်ပါသည်။ MJN ကွန်ရက်ဝင်များအား Form ဖြင့်စုစည်းပေးခဲ့ပါသော ကွန်ရက်ဝင်များအနေဖြင့် ကိုယ်တိုင်ထည့်လိုပါက Group အား Close Group အဖြစ်

အ​ခြေခံသတင်းပညာသင်​တန်း​၊ သင်​တန်းသား​ခေါ်စာ (၁/၂၀၁၉)

မြန်​မာဂျာနယ်​လစ်​ကွန်​ရက်​(MJN)မှဦးစီး၍ ဖွင့်​လှစ်​သင်​ကြားမည့်​ အ​ခြေခံသတင်းပညာသင်​တန်းကို ရန်​ကုန်​မြို့တွင်​ဖွင့်​လှစ်​သွားမည်​ဖြစ်​ပါသည်​။   သင်​တန်းဖွင့်​လှစ်​မည့်​ရက်​မှာ ဇန်​န၀ါရီ ၂၇ ရက်​မှ ၃၁ ရက်​​နေ့ထိဖြစ်​ပါသည်​။ သင်​တန်းသားဦး​ရေကန့်​သတ်​ထားပြီး သင်​တန်း​ကြေးမှာ အခမဲ့ဖြစ်​ပါသည်​။ အလုပ်​သင်​သတင်း​ထောက်​များ၊ သတင်းပညာစိတ်​ပါဝင်​စားသူများ၊ သတင်း​ထောက်​ဖြစ်​လိုသူများတက်​​ရောက်​နိုင်​ပါသည်​။ နယ်​မှ လာ​ရောက်​ကာ တက်​​ရောက်​မည့်​သူများ MJN ရုံးခန်းတွင်​တည်းခိုနိုင်​ရန်​စီစဉ်​​ပေးမည်​ဖြစ်​ပြီး အခြားစရိတ်​များစီစဉ်​​ပေးထားခြင်းမရှိပါ။ တက်​​ရောက်​လိုသူများသည်​ မိမိတို့၏ ကိုယ်​​ရေးအကျဉ်းနှင့်​ သင်​တန်းသို့တက်​​ရောက်​လိုသည့်​ရည်​ရွယ်​ချက်​၊ ဆက်​သွယ်​ရန်​ဖုန်းနံပါတ်​တို့ကို အပြည့်​အစုံ​ရေးသားပြီး mmjournalistnetwork.office@gmail.com သို့ ဇန်​န၀ါရီ ၂၁ ရက်​​နေ့​နောက်​ဆုံးထား ​ပေးပို့ရမည်​ဖြစ်​ပါသည်​။ သင်​တန်းတက်​​ရောက်​ရန်​​ရွေးချယ်​ခံရသူများကို MJN မှ ပြန်​လည်​ဆက်​သွယ်​မည်​ဖြစ်​ပါသည်​။ # mjntraining