Skip to main content

Posts

Showing posts from February, 2021

စစ်အာဏာသိမ်းခြင်းကို ဆန့်ကျင်ကြောင်းနှင့် သတင်းလွတ်လပ်ခွင့်ကို လေးစားရန် သတိပေးကြောင်း ကြေညာချက်

  နေ့စွဲ  ဖေဖေါ်ဝါရီ ၄ရက် ၊ ၂၀၂၁ခုနှစ် ၁။ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ ၁ ရက်နေ့က နိုင်ငံတဝှမ်း အရေးပေါ်အခြေအနေကြေညာပြီး၊ ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်ထားသည့် အစိုးရထံမှ တပ်မတော်က အာဏာသိမ်းယူလိုက်ခြင်းကို ကန့်ကွက်ရှုတ်ချလိုက်သည်။ ၂။ မဲဆန္ဒပေးခဲ့ကြသည့် ပြည်သူများ၏ဆန္ဒအစစ်အမှန်ဖြစ်သေ ာ ၂၀၂၀ခုနှစ် ရွေးကောက်ပွဲရလဒ်ကို အပြည်အဝ လေးစားလိုက်နာရန် သတိပေးလိုက်ပါသည်။ ၃။ အာဏာသိမ်းမှုတွင် ဖမ်းဆီးထိန်းသိမ်းထားသူများအား လုံးပြန်လွတ်ပေးရန်၊ နိုင်ငံသားများ၏ အခြေခံလူ့အခွင့်အရေးကိုလိုက်နာ ပြီး တရားဥပဒေစိုးမိုးရေးကို အလေးအနက်တိုက်တွန်းအပ်ပါသည်။ အခြေခံဥပဒေကို လေးစားလိုက်နာမည်ဟုဆိုပါလျင် အခြေခံဥပဒေပါ လူ့အခွင့်အရေး၊ သတင်းလွတ်လပ်ခွင့်အခွင့်အရေးတို့ ကို လေးစားလိုက်နာရန် လိုအပ်ပါသည်။  ၄။ ကုလသမဂ္ဂ၏ လူအခွင့်အရေးကြေငြာစာတမ်းပါ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် ၊ သတင်းသိရှိပိုင်ခွင့်ကို လေးစားလိုက်နာပြီး လွတ်လပ်သည့် သတင်းမီဒီယာများ သတင်းအလုပ်ကို တားဆီးကန့်သတ်မှု မလုပ်ရန် အလေးအနက် သတိပေးလိုက်ပါသည်။  သတင်းသမားများ၏ လုံခြုံရေးကို ထိပါးစေမည့် နောက်ယောင်ခံလိုက်ခြင်း၊ နေအိမ်တွင် လာရောက်စုံစမ်းမေးမြန်းခြင်းတို့ ကို မပြုလုပ်ရ