Skip to main content

အခြေခံသတင်းပညာသင်တန်း (၁/၂၀၁၉)

မြန်မာဂျာနယ်လစ်ကွန်ရက်မှ ဦးစီးဖွင့်လှစ်သည့် အခြေခံသတင်းပညာသင်တန်း(၁/၂၀၁၉)အား ဇန်နဝါရီ ၂၇ ရက်နေ့က MJN ရုံးတွင် စတင်ဖွင့်လှစ်သင်ကြားခဲ့ပါသည်။

သင်တန်းသားစုစုပေါင်း ၁၀ ဦးအား သတင်းစာဆရာ ဦးနိုင်မင်းဝေက ဦးဆောင်သင်ကြားပေးလျက်ရှိပါသည်။

အခြေခံသင်တန်းများအား နှစ်လတစ်ကြိမ်ဖွင့်လှစ်သွားရန် ရည်မှန်းထားပြီး အခြားလိုအပ်သည့် သင်တန်းများကိုလည်း ထပ်မံဖွင့်လှစ်သွားနိုင်ရန် စီစဉ်နေပါသည်။

#mjn




Comments

Popular posts from this blog

တည်းဖြတ်ခြင်း သင်တန်း

[Zawgyi-One below]


သတင်း၊ ဆောင်းပါး တည်းဖြတ်ခြင်း အခြေခံအဆင့် သင်တန်းကို ဇွန် ၁၅ ရက်နေ့က MJN ရုံးမှာ နှစ်ရက်ကြာ ပြုလုပ်ခဲ့ပါတယ်။

သင်တန်းတက်ရောက်သူတွေက သင်တန်းကာလ နောက်ပိုင်းမှာလည်း တည်းဖြတ်ခြင်းနဲ့ ပတ်သက်ပြီး  အွန်လိုင်းမှာ ဆက်လက် တွေ့ဆုံ လေ့လာနိုင်ကြမှာ ဖြစ်ပါတယ်။

သင်တန်းမှာပါဝင်သူတွေက လုပ်ငန်းခွင် ဝင်ရောက်နေကြပါပြီ။ သင်တန်းမှာ Facebook သုံးဖို့ ခေတ္တ အနားပေးချိန်တွေ ရှိတာကို သူတို့ ပြန်သတိရကောင်း ရနေပါလိမ့်မယ်။
ကော်ဖီမစ်နဲ့ ဧည့်ခံခြင်းမရှိတာကိုလည်း အမှတ်ရနေဖွယ် ရှိပါတယ်။
ကော်ဖီမစ်ဟာ အသောက်များရင် ဆေးရုံရောက်နိုင်တယ်လို့ သင်တန်းနည်းပြက ခြိမ်းခြောက်တာကိုတော့ သူတို့ ကြောက်ဟန် မရှိပါ။
သံပုရာရည် ကိုယ်တိုင်ဖျော်သောက်ကြဖို့ တိုက်တွန်းတာကို သင်တန်းတက်သူ အများအပြား လိုက်နာကြပါတယ်။
ကျန်းမာရေးလိုက်စားချင်တာကြောင့် မဟုတ်ဘဲ အိပ်ချင်ပြေဖို့ ဖျော်သောက်ကြပုံ ရပါတယ်။

သင်တန်းနည်းပြဖြစ်သူကတော့ သတင်းပဲဖြစ်ဖြစ် ဘယ်လုပ်ငန်းပဲဖြစ်ဖြစ် ကျန်းမာရေးကောင်းမှ ဆက်လုပ်နိုင်မယ်လို့ ယူဆနေပါတယ်။

##



==============


ငြိမ်းချမ်းရေးစကားဝိုင်း - မတ် ၉

မတ်လ ၈ ရက်နေ့ နံနက်ပိုင်းက NJN ရုံးတွင် သတင်းသမားတချို့နှင့် ဆွေးနွေးနေသော Myanmar Institute for Democracy (MID) ၏ အမှုဆောင်ဒါရိုက်တာ ဦးရဲထွဋ်။

မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်ကို သတင်းသမားများ ပိုမိုသိရှိနားလည်ပြီး ငြိမ်းချမ်းရေးဆိုင်ရာ သတင်းများ တင်ဆက်ရာတွင် ထိရောက်မှု
ရှိစေရန်အတွက် ရည်ရွယ်သော စကားဝိုင်း ဖြစ်သည်။
ယခုနှစ်အတွင်း  ဤသို့သော စကားဝိုင်းများကို မကြာခဏ  ပြုလုပ်သွားမည် ဖြစ်သည်။


[zawgyi-unicode]



 မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်ကို သတင်းသမားများ ပိုမိုသိရှိနားလည်ပြီး ငြိမ်းချမ်းရေးဆိုင်ရာ သတင်းများ တင်ဆက်ရာတွင် ထိရောက်မှုရှိစေရန်အတွက် ရည်ရွယ်ပြီးဤအစီအစဉ်မျိုး မကြာခဏ ကျင်းပသွားမည်။

##

SNLD စိုငိးကျော်ညွန့်နှင့် ငြိမ်းချမ်းရေးစကားဝိုင်း - ဧပြီ ၆
ဧပြီ ၆ ရက်နေ့က  တွေ့ရသော SNLD ပါတီမှ စိုင်းကျော်ညွန့်၊  မြန်မာဂျာနယ်လစ်ကွန်ရက် အထွေထွေအတွင်းရေးမှူး ဦးမြင့်ကျော်။
မြန်မာဂျာနယ်လစ်ကွန်ရက်သည် Myanmar Institute for Democracy (MID) နှင့် ပူးပေါင်းပြီး ပြုလုပ်သည့် စကားဝိုင်းတွင် စိုင်းကျော်ညွန့်က "ငြိမ်းချမ်းရေးဖြစ်စဉ် နှင့် NCA အပစ်ရပ်စာချုပ်တို့ကို နားလည်အောင် ကြိုးစားခြင်း" ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့သည်။
 …