မြန်မာနိုင်ငံ ဒေသအသီးသီးရှိ MJN ကွန်ရက်ဝင် သတင်းသမားများသို့ ရည်ရွယ်ပါသည်။
MJN သည် သတင်းသမားများအချင်းချင်းနှင့် သတင်းရင်းမြစ်များကြား သတင်းစီးဆင်းမှုအားကောင်းစေရန် Myanmar Journalist Network (Information Group) နှင့် MJN ကွန်ရက်ဝင် သီးသန့် Group များကို ဖွဲ့စည်းထားခဲ့ပြီးဖြစ်ပါသည်။
MJN သို့ ကွန်ရက်ဝင်အဖြစ် ဝင်ရောက်လာသော သတင်းသမားဦးရေများ တိုးလာသည်နှင့်အမျှ MJN ကွန်ရက်ဝင် သီးသန့် Group သို့ ကွန်ရက်ဝင်အသစ်များ မရောက်ရှိသေးသည်ကို သိရှိရပါသည်။
ထို့ကြောင့် အဆိုပါ ကွန်ရက်ဝင် သီးသန့် Group သို့ဝင်ရောက်နိုင်ရန် မိမိတို့ကွန်ရက်ဝင်စဉ်က လျှောက်ထားခဲ့သော လျှောက်လွှာ(ရှိပါက) သို့မဟုတ် ဝင်ခဲ့သော ခုနှစ်၊ လ၊ အမည်၊ ကလောင်အမည်၊ ဆက်သွယ်ရန်ဖုန်းနံပါတ်၊ သတင်းမီဒီယာတိုက် စသည့်အချက်အလက်များကို ယခုပို့စ်၏ ကွန်မန့်တွင်လည်းကောင်း ချက်ဘောက်တွင်လည်းကောင်း ပေးပို့ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
MJN ရှိစာရင်းများနှင့် စိစစ်ပြီး Group အတွင်းသို့ထည့်ပေးသွားမည်ဖြစ်ပါသည်။
MJN ကွန်ရက်ဝင်များအား Form ဖြင့်စုစည်းပေးခဲ့ပါသော ကွန်ရက်ဝင်များအနေဖြင့် ကိုယ်တိုင်ထည့်လိုပါက Group အား Close Group အဖြစ် အချိန် ၂ လပြောင်းထားပေးပါသည်။
Group အမည် Myanmar Journalist Network
MJN Member သီးသန့်ဂရုသည် MJN ၏ လှုပ်ရှားဆောင်ရွက်မှုများကို အဓိကထားကာ ကွန်ရက်ဝင်အချင်းချင်း ဆက်သွယ်၊ မျှဝေသည့် ဂရုဖြစ်သောကြောင့် ကွန်ရက်ဝင်မဟုတ်သူများကို ထည့်ပေးမည်မဟုတ်ပါ။
.........................................................................................
MJN ကွန်ရက်ဝင်လိုသူများအနေဖြင့် mmjournalistnetwork.office@gmail.com သို့ ကွန်ရက်ဝင်အဖြစ် ဖြည့်စွက်ရန် လျှောက်လွှာတောင်းခံနိုင်ပြီး တောင်းခံသည့် အမည်၊ နေရပ်၊ သတင်းမီဒီယာတိုက်၊ ကလောင်အမည်၊ ထောက်ခံပေးမည့် အယ်ဒီတာ၊ ဖုန်းနံပါတ်များ၊ လုပ်သက်တို့ကို ပြည့်စုံစွာရေးသားပေးပို့ရမည်ဖြစ်ပါသည်။
MJN သည် မူဝါဒများနှင့်အညီ သတင်းသမားအလုပ်ကို အမှန်တကယ်လုပ်ကိုင်သူများကိုသာ လက်ခံသွားမည်ဖြစ်ပါသည်။
မြန်မာဂျာနယ်လစ်ကွန်ရက်။
#mjn

Comments
Post a Comment