စကားဝိုင်းဆွေးနွေးပွဲရဲ့ ခေါင်းစဉ်က ရုပ်/သံဥပဒေစကားဝိုင်းဆွေးနွေးပွဲပါ။အဓိက ဆွေးနွေးတာတော့ ပြီးခဲ့တဲ့ ၂၀၁၅ သြဂုတ်လ၂၈ ရက်က အတည်ပြုပြဌာန်းခဲ့တဲ့ ၂၀၁၅ခုနှစ် ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာဥပဒေ နဲ့ မကြာခင်ရက်ပိုင်းက ပြင်လည်ပြင်ဆင်ချက်ဥပဒေ(၂၀၁၈ ဇွန်လ ၂၉ရက်က)အပေါ် အားနည်းချက်၊အားသာချက်တွေကို တိုင်းရင်းမီဒီယာအခြေစိုက် မီဒီယာကိုယ်စားလှယ်တွေ၊ content provider တချို့က ကိုယ်စားလှယ်တချို့ပါဝင်ပြီး ဆွေးနွေးခဲ့ကြတာဖြစ်တယ်။
Internews နဲ့ MJN တို့ ပူးပေါင်းလုပ်ဆောင်တဲ့ ပွဲပါ။ဆွေးနွေးပွဲမှာ မူလ ဥပဒေနဲ့ ပြင်ဆင်လိုက်တဲ့ ဥပဒေထဲက အားနည်းချက်တွေဖြစ်တဲ့ ကောင်စီဖွဲ့စည်းမှု၊ လုပ်ငန်းလိုင်စင်အမျိုးအစား၊ဥပဒေပါအချက်များရဲ့ အဓိပ္ပါယ်ရှင်းလင်းချက်တွေ မပြည့်စုံခြင်းနဲ့ ရှုပ်ထွေးနေခြင်း၊ တန်းတူအခွင့်အရေးရဖို့နဲ့ စီးပွားရေးအရ၊ နည်းပညာအရ အဖွဲ့သစ်တွေမှာ အခွင့်အလမ်းတွေ ပိုလာဖို့။Localမီဒီယာတွေနဲ့ တိုင်းရင်းမီဒီယာတွေအတွက် ဒီဥပဒေအရ အခွင့်အရေးတွေ သီးသန့်ပေးထားမှုမျိုး မတွေ့ရတဲ့အတွက် ထည့်သွင်းစဉ်းစားဖို့၊အသစ်ပြင်ဆင်လိုက်တဲ့ နည်းဥပဒေ မထွက်ခင်မှာ မီဒီယာတွေဘက်က ဥပဒေအားနည်းချက်တွေကို ထောက်ပြပြီး နည်းဥပဒေမှာ ဖြည့်စွပ်နိုင်ဖို့ advocacy workshop တွေလုပ်ဖို့၊technique input ပေးဖို့၊ကမ္ဘာမှာ ပြောင်းနေတဲ့ global change ကို လည်း ထည့်သွင်းစဉ်းစားဖို့၊ အဓိက အခုပြင်ဆင်လိုက်တဲ့ ဥပဒေကလည်း အရင်ဥပဒေနဲ့ ဘာမှ ထူးခြားပြောင်းသွားတာမျိုးမရှိတဲ့အတွက် လိုချင်တာတွေ ဥပဒေအရမပြည့်စုံမှုေ တွကို နည်းဥအဒေမှာ ထည့်နိုင်သလောက်ထည့်ဖို့ ၊ ဥပဒေ ပြန်လည်ပြင်ဆင်ရေး ကိုလည်း လုပ်ဆောင်ကြဖို့၊ ကောင်စီရွေးချယ်ရေးမှာ ပြည်သူ့ကိုယ်စားလှယ်တွေကို လွှတ်တော်တွေက အဆိုပြုကြဖို့ စတာတွေကို ဆွေးနွေးခဲ့တာပါ။MJN အနေနဲ့လည်း Internews ဘက် ဆွေးနွေးမှု key point တွေ ရလာတဲ့အခါ အစိုးရ၊ပြန်ကြားရေး၊လွှတ်တော်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေကို ဖြန့်ဝေဖို့ ဆွေးနွေးခဲ့တာရှိပါတယ်။

Comments
Post a Comment