ကိုဝလုံးနှင့်ကိုကျော်စိုးဦးတို့ အမှုအခြေအနေများကို အကျိုးဆောင်ရှေ့နေနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး ကိုဝလုံး၏ ဇနီးမပန်းအိမွန်အားသွားရောက်တွေ့ဆုံ
၂၀၁၈ သြဂုတ်လ ၄ ရက်ေ်န့က ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့၏ အမှုအခြေအနေနဲ့ MJN အနေနဲ့ ၀ိုင်းဝန်းဆောင်ရွက်နိုင်မယ့်အရေးကို ၄င်းတို့ရဲ့ အကျိုးဆောင်ရှေ့နေ ကိုသန်းဇော်အောင်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီး MJN အနေနဲ့ လုပ်ဆောင်ပေးရမယ့် ကိစ္စတွေကို ဆွေးနွေးခဲ့ပါတယ်။
ရှေ့နေနဲ့ တိုင်ပင်ဆွေးနွေးပြီး MJN အနေနဲ့ ဆောင်ရွက်ရမယ့် ကိစ္စတွေနဲ့ ပတ်သက်ပြီး မီဒီယာတချို့နဲ့ တိုင်ပင်ဆွေးနွေးမှုတွေ ဆက်လက်လုပ်ဆောင် လျှက်ရှိပါတယ်။
သြဂုတ်လ ၁၁ ရက်မှာ ကိုဝလုံးနဲ့ ဇနီး မပန်းအိမွန်တို့ရဲ့ သမီးလေး မွေးဖွားတာကို MJN အနေနဲ့ သွားရောက်မေးမြန်း အားပေးခဲ့ပါတယ်။
ကိုဝလုံးနဲ့ ကိုကျော်စိုးဦးအတွက် MJN အနေနဲ့ အမြဲ ရပ်တည်နေကြောင်းနဲ့ MJN အနေနဲ့ လုပ်ဆောင်ခဲ့တာတွေနဲ့ ဆက်လက်လုပ်ဆောင်မယ့် ကိစ္စတွေကိုလည်း ပြောကြားခဲ့ပါတယ်။
MJN အနေနဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ ဖမ်းဆီခံရမှုအတွက် တရားရုံးရှေ့တွင် ဆန္ဒထုတ်ဖော်မှုမှာ ပါဝင်ခဲ့ခြင်း၊ရုံးထုတ်တွင် အမှုဆောင်များမှ သွားရောက်အားပေးစကားပြောကြားခြင်း၊ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့အတွက် ရည်ရွယ်ပြီး သတင်းလွတ်လပ်ခွင့်ဆိုင်ရာ ကာတွန်းပြပွဲများ ရန်ကုန် MJN ၊မော်လမြိုင် SMJN ၊ မြေလတ်ဂျာနယ်လစ်ကွန်ရက် ပြည်တို့တွင် ပြသခဲ့ခြင်း၊ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့၏ ဇနီးနှင့် မိသားစုဝင်များကို အားပေးစကားပြောကြားခြင်းများ လုပ်ဆောင်ခဲ့ပါတယ်။
၎င်းတို့နှစ်ဦး လွတ်မြောက်ရေးနဲ့ ပတ်သက်ပြီး ဆောင်ရွက်မှုများတွင် တက်တက်ကြွကြွ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပါတယ်။
#မြန်မာဂျာနယ်လစ်ကွန်ရက်ဟာ ကိုဝလုံးနဲ့ကိုကျော်စိုးဦးတို့ စတင်အဖမ်းခံရချိန်ကတည်းက ဂရုတစိုက်လေ့လာစောင့်ကြည့်ခဲ့ပြီး အတွင်းရေးမှူးအဖွဲ့က ရုံးချိန်းတွေကို သွားရောက်အားပေးခြင်း၊ ဥပဒေပိုင်းဆိုင်ရာ ဆွေးနွေးတာတွေကို လုပ်ဆောင်ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်နေ့ကလည်း အဖွဲ့အစည်း ၁၂ ဖွဲ့ပူးပေါင်းပြီး ထုတ်ပြန်ချက်တစ်စောင်ကိုလည်း ထုတ်ပြန်ခဲ့ပါသေးတယ်။

13.12.2017 နေ့ကထုတ်ပြန်ခဲ့သည့် ထုတ်ပြန်ချက်
Comments
Post a Comment