Skip to main content

မြန်မာဂျာနယ်လစ်ကွန်ရက် သမိုင်းအကျဉ်း




မြန်မာဂျာနယ်လစ်ကွန်ရက် Myanmar Journalist Network(MJN)အဖွဲ့အစည်းကို ၂၀၁၁ ခုနှစ် စက်တင်ဘာ လ ၂ ရက်တွင် ရန်ကုန်မြို့၌ သတင်းထောက် ၃၅ ဦးဖြင့် စတင်ဖွဲ့စည်းခဲ့သည်။
၁၉၈၈ခုနှစ်နောက်ပိုင်း ကာလတွင် ပထမဆုံး ပေါပေါက်ခဲ့သော သတင်းထောက် အဖွဲ့အစည်း တစ်ခုဖြစ်သည်။
အဖွဲ့အစည်း ဖွဲ့စည်းရာတွင် လိုအပ်သော သင်းဖွဲ့စည်းမျဉ်းကို အဖွဲ့စတင်တည်ထောင်သူများက စုပေါင်းရေး ဆွဲပြီး အစည်းအဝေးခေါ်ကာ အတည်ပြုခဲ့သည်။
ထို့နောက် အဖွဲ့အစည်းသို့ သတင်းထောက်များ အထူးသဖြင့် လူငယ်သတင်းထောက်များ အဖွဲ့ဝင်ဖြစ်ရေး အတွက် တိုင်းနှင့်ပြည်နယ်အနှံ့သို့ သွားရောက်စည်းရုံးခဲ့သည်။
ရန်ကုန်မြို့မှအပ နယ်မြို့များတွင် တည်ထောင်သော မြန်မာဂျာနယ်လစ်ကွန်ရက် အဖွဲ့ခွဲများကို ၎င်းတို့ဘာသာ ရပ်တည်ရှင်သန်နိုင်ပြီး သတင်းထောက်များအကျိုးအတွက် ဆောင်ရွက်နိုင်ရန် အားပေးထောက်ခံခဲ့သည်။
စတင်ဖွဲ့စည်းစတွင် သတင်းထောက်များ သာရေးနှင့်နာရေးကိစ္စများကို အရေးထားဆောင်ရွက်ခဲ့ပြီး ယခုအခါ သတင်းသမားများ၏ အခြေခံအခွင့်အရေးများကို ကာကွယ်ရန်၊ သတင်းသမားများ အရည်အသွေးတိုးတက်ရန် နှင့်မီဒီယာလောက ဖွံ့ဖြိုးတိုးတက်ရေးနှင့် မီဒီယာလောက ဖွံ့ဖြိုးတိုးတက်မှုမှတစ်ဆင့် လူ့အဖွဲ့အစည်းအားတစ် ဖက်တစ်လမ်းမှ အထောက်အပံ့ပြရန် ရည်ရွယ်ဆောင်ရွက်နေသည်။
ကွန်ရက်သည် သတင်းပညာရပ်ဆိုင်ရာ ဟောပြောပွဲများ၊ သတင်းလွတ်လပ်ခွင့် ဆန္ဒဖေါ်ထုတ်ပွဲများနှင့် ပြည်သူ များ၏ဆုံရှုံးနစ်နာမှုမှန်သမျှကို သတင်းထောက်များအား သတင်းပေးဖွင့်ပြောနိုင်ရန် ကွန်ရက်ရုံးခန်းတွင်သတင်း စာရှင်းလင်းပွဲများ အခမဲ့ ဆောင်ရွက်ခွင့်ပေးခဲ့သည်။
မြန်မာဂျာနယ်လစ်ကွန်ရက် တည်ထောင်ပြီးနောက်တွင် အခြားသော သတင်းသမားအဖွဲ့အစည်းများလည်း အသီးသီးဖွဲ့စည်းပေါ်ပေါက်လာခဲ့သည်။ ၂၀၁၂ ခုနှစ် စက်တင်ဘာလ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ) စတင်ဖွဲ့စည်းသည့်အခါတွင် MJN လည်း ကိုယ်စားပြုပါဝင်ခဲ့သည်။ မြန်မာသတင်းပညာသိပ္ဗံ(MJI) ပေါ်ထွန်း လာရေးတွင် အခြားသော သတင်းသမားအဖွဲ့အစည်းများ လူပုဂ္ဂိုလ်များနှင့် အတူပူးပေါင်းလုပ်ဆောင်ခဲ့သည်။
စာနယ်ဇင်းကောင်စီ(ယာယီ)နှင့် မြန်မာ့သတင်းပညာသိပ္ပံ(MJI)တို့ ပေါ်ပေါက်ရေးကို ဆောင်ရွက်ခဲ့သည်။
ထို့ပြင် လွှတ်တော်များက အတည်ပြုပြဌာန်းသော ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေနှင့် သတင်းမီဒီယာ ဥပဒေများကို အတည်ပြုနိုင်ရန်နှင့် အဆင်မပြေသော ပုဒ်မများကို ဝိုင်းဝန်းအကြံပြုတင်ပြခြင်းများဆောင်ရွက်ခဲ့ သည်။
ပြည်ပနိုင်ငံများရှိ သတင်းသမားအရေး ဆောင်ရွက်သော အဖွဲ့အစည်းများနှင့်လည်း ဆက်သွယ်ကာ သတင်း ပညာရပ်ဆိုင်ရာသင်တန်းများနှင့် သတင်းကိစ္စရပ်များကို ပို့ချခြင်း၊ အပြန်အလှန်သွားလာကာ သတင်းပညာ ဖလှယ်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်နိုင်သော ကိစ္စရပ်များကို ဆောင်ရွက်ခဲ့သည်။
ယခုအခါ မြန်မာနိုင်ငံအနှံ့တွင် ကွန်ရက်ဝင် ၅၁၅ ဦးရှိလာပြီဖြစ်​သည်​။ ရန်ကုန်မြို့ရှိ ကွန်ရက်ဝင်သင်တန်းဆရာများကလည်း သတင်းပညာရပ်များ ပို့ချသင်ကြားပေးနေသည်။

မြန်မာဂျာနယ်လစ်ကွန်ရက်

Comments

Popular posts from this blog

သတင်းသမား ဦးအောင်မိုးမြင့် ကွယ်လွန်

Unicode/Zawgyi-One ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် အခြေစိုက် နေထိုင်သည့် ဦးအောင်မိုးမြင့်သည် မေလ ၁၆ ရက်နေ့က ကင်ဆာရောဂါနှင့် ကွယ်လွန်သွားသည်။  ကွယ်လွန်ချိန်တွင် အသက် ၄၉ နှစ် ရှိပြီဖြစ်သည်။ ၂၀၀၀ ပြည့်နှစ်နောက်ပိုင်း BBC အသံလွှင့်ဌာနက ကာလအတန်ကြာ ထုတ်လွှင့်ခဲ့သည့်  သပြေကုန်းရွာ ရေဒီယိုဇာတ်လမ်းတွဲတွင် ကိုကြွက်ဖြူအမည်ဖြင့် ပါဝင်သရုပ်ဆောင်ခဲ့သူ ဦးအောင်မိုးမြင့်သည် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ၊  ထိုင်းရောက် မြန်မာပြည်သား ရွှေ့ပြောင်းအလုပ်သမားများအကြောင်းကို အထူးပြု ရေးသားတင်ဆက်ခဲ့သူဖြစ်သည်။ ထိုင်းနိုင်ငံရှိ မြန်မာနိုင်ငံသားတချို့ တည်ထောင်ထားသည့် သတင်းနှင့် မီဒီယာ ကွန်ယက် (Network Media Group) ၏ ဦးဆောင်သူတစ်ဦးဖြစ်သူ ဦးအောင်မိုးမြင့်သည် RFA သတင်းဌာနအတွက် သတင်းများကို နှစ်ပေါင်းများစွာ ပေးပို့ခဲ့သူတစ်ဦးဖြစ်သည်။ မီဒီယာအဖွဲ့အစည်းများ ပူးပေါင်း ဖွဲ့စည်းထားသည့် နိုင်ငံတကာ မြန်မာသတင်းအဖွဲ့ (BNI) တွင်လည်း အရေးကြီးသော တာဝန်များကို ကွယ်လွန်ချိန်အထိ ထမ်းဆောင်ခဲ့သူဖြစ်သည်။ သတင်းသမား ဦးအောင်မိုးမြင့် ကွယ်လွန်သွားခြင်းမှာ သတင်းလောကအတွက် ဆုံးရှုံးမှု ဖြစ်ပါသည်။  မြန်မာဂျာနယ်လစ်ကွ...

စစ်အာဏာသိမ်းခြင်းကို ဆန့်ကျင်ကြောင်းနှင့် သတင်းလွတ်လပ်ခွင့်ကို လေးစားရန် သတိပေးကြောင်း ကြေညာချက်

  နေ့စွဲ  ဖေဖေါ်ဝါရီ ၄ရက် ၊ ၂၀၂၁ခုနှစ် ၁။ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ ၁ ရက်နေ့က နိုင်ငံတဝှမ်း အရေးပေါ်အခြေအနေကြေညာပြီး၊ ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်ထားသည့် အစိုးရထံမှ တပ်မတော်က အာဏာသိမ်းယူလိုက်ခြင်းကို ကန့်ကွက်ရှုတ်ချလိုက်သည်။ ၂။ မဲဆန္ဒပေးခဲ့ကြသည့် ပြည်သူများ၏ဆန္ဒအစစ်အမှန်ဖြစ်သေ ာ ၂၀၂၀ခုနှစ် ရွေးကောက်ပွဲရလဒ်ကို အပြည်အဝ လေးစားလိုက်နာရန် သတိပေးလိုက်ပါသည်။ ၃။ အာဏာသိမ်းမှုတွင် ဖမ်းဆီးထိန်းသိမ်းထားသူများအား လုံးပြန်လွတ်ပေးရန်၊ နိုင်ငံသားများ၏ အခြေခံလူ့အခွင့်အရေးကိုလိုက်နာ ပြီး တရားဥပဒေစိုးမိုးရေးကို အလေးအနက်တိုက်တွန်းအပ်ပါသည်။ အခြေခံဥပဒေကို လေးစားလိုက်နာမည်ဟုဆိုပါလျင် အခြေခံဥပဒေပါ လူ့အခွင့်အရေး၊ သတင်းလွတ်လပ်ခွင့်အခွင့်အရေးတို့ ကို လေးစားလိုက်နာရန် လိုအပ်ပါသည်။  ၄။ ကုလသမဂ္ဂ၏ လူအခွင့်အရေးကြေငြာစာတမ်းပါ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် ၊ သတင်းသိရှိပိုင်ခွင့်ကို လေးစားလိုက်နာပြီး လွတ်လပ်သည့် သတင်းမီဒီယာများ သတင်းအလုပ်ကို တားဆီးကန့်သတ်မှု မလုပ်ရန် အလေးအနက် သတိပေးလိုက်ပါသည်။  သတင်းသမားများ၏ လုံခြုံရေးကို ထိပါးစေမည့် နောက်ယောင်ခံလိုက်ခြင်း၊ နေအိမ်တွင် လာရောက်စုံစမ်းမေးမြန်းခြင်...

တည်းဖြတ်ခြင်း သင်တန်း

[Zawgyi-One below] သတင်း၊ ဆောင်းပါး တည်းဖြတ်ခြင်း အခြေခံအဆင့် သင်တန်းကို ဇွန် ၁၅ ရက်နေ့က MJN ရုံးမှာ နှစ်ရက်ကြာ ပြုလုပ်ခဲ့ပါတယ်။ သင်တန်းတက်ရောက်သူတွေက သင်တန်းကာလ နောက်ပိုင်းမှာလည်း တည်းဖြတ်ခြင်းနဲ့ ပတ်သက်ပြီး  အွန်လိုင်းမှာ ဆက်လက် တွေ့ဆုံ လေ့လာနိုင်ကြမှာ ဖြစ်ပါတယ်။ သင်တန်းမှာပါဝင်သူတွေက လုပ်ငန်းခွင် ဝင်ရောက်နေကြပါပြီ။ သင်တန်းမှာ Facebook သုံးဖို့ ခေတ္တ အနားပေးချိန်တွေ ရှိတာကို သူတို့ ပြန်သတိရကောင်း ရနေပါလိမ့်မယ်။ ကော်ဖီမစ်နဲ့ ဧည့်ခံခြင်းမရှိတာကိုလည်း အမှတ်ရနေဖွယ် ရှိပါတယ်။ ကော်ဖီမစ်ဟာ အသောက်များရင် ဆေးရုံရောက်နိုင်တယ်လို့ သင်တန်းနည်းပြက ခြိမ်းခြောက်တာကိုတော့ သူတို့ ကြောက်ဟန် မရှိပါ။ သံပုရာရည် ကိုယ်တိုင်ဖျော်သောက်ကြဖို့ တိုက်တွန်းတာကို သင်တန်းတက်သူ အများအပြား လိုက်နာကြပါတယ်။ ကျန်းမာရေးလိုက်စားချင်တာကြောင့် မဟုတ်ဘဲ အိပ်ချင်ပြေဖို့ ဖျော်သောက်ကြပုံ ရပါတယ်။ သင်တန်းနည်းပြဖြစ်သူကတော့ သတင်းပဲဖြစ်ဖြစ် ဘယ်လုပ်ငန်းပဲဖြစ်ဖြစ် ကျန်းမာရေးကောင်းမှ ဆက်လုပ်နိုင်မယ်လို့ ယူဆနေပါတယ်။ ## တည်းဖြတ်ခြင်း သင်တန်း ============== သတင်း၊ ဆောင်းပါး တည်းဖြတ်ခြင်း အခြေခံအဆင့် သင်တန်းကို ဇွန်...