၂၀၁၈ ဖေဖော်ဝါရီ ၂၅ ရက်နေ့တွင် ပြုလုပ်ခဲ့သော "ဦးဝီရသူအားအရေးယူရန်သံဃာတော်များနှိုးဆော်ခြင်း"အမည်ဖြင့် သတင်းစာရှင်းလင်းပွဲတွင် ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ပြီး ၃၅ လမ်းရှိ မိမိတို့ MJN ရုံးကို တိုက်ခန်းပိုင်ရှင်က ဆက်လက်ငှားရမ်းရန် မဖြစ်နိုင်တော့ကြောင်း အသိပေးလာသဖြင့် ရွှေ့ပြောင်းပေးခဲ့ရသည်။
လတ်တလော အခန်းနေရာရှာဖွေနေဆဲအချိန်တွင် Myanmar Now သတင်းဌာနက မြန်မာဂျာနယ်လစ်ကွန်ရက် သတင်းစာရှင်းလင်းပွဲများအတွက် ယာယီနေရာပေးအပ်ခဲ့သည်။
ထို့နောက် ပုစွန်တောင်မြို့နယ် လမ်း ၅၀ အပေါ်ဘလောက်သို့ ၂၀၁၈ မတ်လ ၃၁ ရက်နေ့က ရွှေ့ပြောင်းခဲ့ရသည်။

Comments
Post a Comment